part (12)

4K 335 18
                                    

Unicode

ကျောင်းကအပြန် လမ်းမှာ လူသုံးယောက်က ရှောင်းကျန့်ကို ဝိုင်းထားတာမြင်တော့
လျန်ဟော့ကို ဝမ်ဝမ်ကားရပ်ခိုင်းလိုက်သည်။ထိုလူသုံးယောက်သည် လူကောင်းရုပ်တွေမဟုတ်တာမို့ ကားတံခါးဖွင့်ပြီး
ဝမ်ဝမ် ခပ်မြန်မြန်ဆင်းသွားသည်။

"ဒီမှာ ဒေါက်တာ ကျွန်တော်တို့ စကားကောင်းကောင်းပြောနေတုန်း ၊ ရှိသမျှပိုက်ဆံ ပေးလိုက်ပါ"

"အဟင်း...."

အသံလာရာဘက်ကို ထိုလူသုံးယောက်အပါအဝင် ရှောင်းကျန့်ပါလှည့်ကြည့်
လိုက်သည်။

"ဝမ်ဝမ်"

"ရှင်တို့သုံးယောက် သူ့ကိုဘာလုပ်မလို့လဲ"

"ကလေးမ ကိုယ့်လမ်းကိုယ်သွား"

မျက်လုံးမှေးမှေးနဲ့လူရဲ့စကားကြောင့်
မျက်ခုံးပင့်နှုတ်ခမ်းမဲ့ပြီး ဝမ်ဝမ်လက်ပိုက်လိုက်သည်။

"ရှင်တို့က သုံးယောက်၊ ဟိုမှာက တစ်ယောက်တည်းပဲ မမျှတလိုက်တာ။
သတ္တိရှိရင် တစ်ယောက်ချင်းချပါလား၊
ဒီမှာ ရှင်တို့နိုင်ရင် ဒီကဒ်ပေးမယ်"

ဝမ်ဝမ်က ကဒ်တစ်ကဒ်ထုတ်ပြတော့
ထိုလူသုံးယောက် မျက်လုံးပြူးသွားသည်။

"အဟင်း ဘယ်လိုလဲ၊ တစ်ယောက်ချင်းစီချရမှာနော ၊တစ်ယောက်မလဲမချင်း
နောက်တစ်ယောက်ဝင်မလာနဲ့။ဒီကဒ်က
အတုမဟုတ်ဘူး ၊အဲ့ဒေါက်တာက
အရမ်းချမ်းသာတာ သူ့ကိုကျွန်မသိတယ်"

ရှေ့က ကလေးမလေးရဲ့စကားကြောင့်
ထိုလူသုံးယောက်သဘောတူသွားသည်။

"ကောင်းပြီးလေ ရှင်တို့နဲ့ပါလာတဲ့ဓား
ခပ်ဝေးဝေးမှာ လွင့်ပစ်လိုက်"

ဓားကမျက်လုံးမှေးမှေးနဲ့ကောင်တစ်ယောက်စီမှာပါတာမို့ ထိုလူသည် ဓားကို
ခပ်ဝေးဝေးမှာပစ်လိုက်သည်။

"ဒေါက်တာ ဖိုက်တိုး"

ဝမ်ဝမ်သည် ရှောင်းကျန့်ကို မျက်လုံးမှိတ်ပြပြီး ကားဆီပြန်သွားသည်။လျန်ဟော့ကတော့ ကြောက်လွန်းလို့ အခုထက်ထိ
ကားပေါ် က မဆင်းသေးပေ။ဝမ်ဝမ်ပြန်လာတာမြင်တော့မှ သူဆင်းလာသည်။

Daddy  Pa Pa Xiao Wang Wang ✔✔Waar verhalen tot leven komen. Ontdek het nu