Chapter (13)

4.8K 421 0
                                    

Unicode

သူ့ခါးကို ဖက်ထားတဲ့ လုရင်းဒါလက်ကို
ဖယ်ချလိုက်ပြီး ရိပေါ် ရဲ့နောက်ကို
ရှောင်းကျန့်လိုက်လာခဲ့သည်။

"ရိပေါ် ဝက်ပေါက်လေး ကိုကို ခေါ် တာ
ကြားလား"

ရှောင်းကျန့်အသံကို ရိပေါ် မကြားဟန်ပြုပြီး ကသောကမျော ကားလမ်းကူးသွားသည်။

"ရိပေါ်....."

ကျွီး...!!

ရုတ်တရက်ကားဘရိတ်နင်းသံကြောင့်
ရိပေါ် ခြေလှမ်းများတန့်သွားသည်။
နောက်ကိုလှည့်ကြည့်လိုက်စဥ် သူ့ရှေ့မှာ
ရှောင်းကျန့်ကိုမြင်လိုက်ရတော့
မကျေမနပ်တစ်ချက်ကြည့်ပြီး ထွက်သွားဖို့လုပ်သည်။

"ဝက်ပေါက်လေး ကိုကို့ကို စိုးရိမ်သွားလား"

ရိပေါ် က သူ့ကို မျက်စောင်းထိုးပြီး
ခပ်သွက်သွက်လျှောက်တော့
ရှောင်းကျန့်ပြုံးလိုက်မိသည်။

"ဝန်မခံချင်လည်းရပါတယ်၊ခုနပုံစံကတော့
တကယ့်ကို စိုးရိမ်သွားတာ ဟုတ်တယ်မလား"

နောက်ကနေလိုက်လာပြီး ဘေးက
စူပုတ်ပုတ်မျက်နှာနဲ့ ရိပေါ် ကိုကြည့်
ရင်း ရှောင်းကျန့်ဆိုသည်။

"တကယ်တော့ ကိုကိုနဲ့ လုရင်းဒါက
ဝက်ပေါက်လေးထင်သလို မဟုတ်ပါဘူးကွ"

"ဒီမှာ ဘယ်သူမေးလို့ အဲ့ဒါတွေပါ ရှင်းပြနေရတာလဲ"

"အဟွန်း မသိပါဘူး ကျွန်တော်မျိုးက
ရှေ့က ကိုယ်တော်ချော သဝန်တိုတယ်
ထင်ပြီး နောက်က ပြေးလိုက်လာခဲ့တာ
လေ"

ရိပေါ် စိတ်တိုတိုနဲ့ ရှောင်းကျန့်ဘက်လှည့်လိုက်ပြီး

"ခင်ဗျားနော ဘယ်သူကသဝန်တိုတယ်ပြောလို့လဲ ခင်ဗျားဘာသာဘယ်သူနဲ့ရှိရှိပေါ့။အနှောင့်အယှက်ဖြစ်မှာဆိုးလို့ ထွက်လာခဲ့တာ"

"ဟုတ်လား ကိုကိုတော့ အဲ့လိုမထင်ဘူး၊
လုရင်းဒါကိုကို့ကို နောက်ကနေ ဖက်လိုက်တဲ့အချိန် ကြောက်စရာကောင်းတဲ့မျက်ဝန်းတစ်စုံကိုမြင်နေရတာတော့ အသေအချာပဲ"

ရှောင်းကျန့်ရဲ့စကားကြောင့် ရိပေါ် နှုတ်ခမ်းဖူးဖူးလေး အနည်းငယ် ပွင့်
ဟသွားသည်။

Daddy  Pa Pa Xiao Wang Wang ✔✔Where stories live. Discover now