Chapter 1 (zg)

8.1K 372 9
                                    


"Papa"

သမီးလေးရဲ့အသံကြောင့် ဧည့်သည်နဲ့ စကားဖြတ်ပြီး ရိပေါ် လှည့်ကြည့်လိုက်သည်။

ရုတ်တရက်သမီးလေးလက်ကိုင်ထားတဲ့
လူကြောင့် သူ့ရင်တွေတဒိတ်ဒိတ်နဲ့ ခုန်ပေါက်လို့လာသည်။

နှစ်တွေအကြာကြီး ကွယ်ပျောက်သွားတဲ့
လူက သရဲ၊တစ်ဆေတစ်ကောင်လို ပြန်
ပေါ် လာတော့ သူမအံ့သြပဲ မနေနိုင်ပေ။

"Papa ဦးဦးဒေါက်တာကလေ Papaကို
သိနေတယ်တဲ့"

၆နှစ်အရွယ် သမီးလေးက ဘာကိုမှ
နားမလည်ပဲ သူ့ကို အရယ်ကလေး
စွက်ကာဆိုလာသည်။

ဒူးခေါင်းအတိရှည်သော ဂျူတီကုပ်အဖြူ
လေးနဲ့ သန့်ပြန့်ခန့်ညားသော ရှောင်းကျန့်
ရဲ့အကြည့်စူးစူးတွေကို ရိပေါ် ရှောင်တိမ်း
လိုက်ပြီး သမီးလေးလက်ကို ဆွဲလိုက်သည်။

"ဦးဦးဒေါက်တာ သမီးရဲ့Papaချောတယ်မလား"

"ဝမ်ဝမ်"

ရိပေါ် က သမီးလေးနှုတ်ခမ်းကို လက်နဲ့အသာလေးပိတ်ပြီး ရှောင်းကျန့်ကို
တစ်ချက်ကြည့်လိုက်သည်။

"သမီးလေးကို လိုက်ပို့ပေးတဲ့ကျေးဇူးတင်ပါတယ်"

ရိပေါ် ဆိုပြီး ချက်ချင်းဆိုသလိုပဲ
ရှောင်းကျန့်ကို ကျောခိုင်းလှည့်ထွက်
သွားသည်။

ပြန်တွေ့တွေ့ချင်း ရိပေါ် ဆီက အခုလို
ဆက်ဆံခံလိုက်ရတော့ ရှောင်းကျန့်
တကယ်စိတ်မကောင်းပေ။ သူမရှိတဲ့
နှစ်တွေမှာ ရိပေါ် က ဘယ်သူနဲ့ အိမ်
ထောင်ပြုခဲ့သလဲ သူအရမ်းသိချင်ခဲ့မိ
သည်။

*ငါမင်းကို အခုချိန်ထိ ချစ်နေတုန်းပဲ
ရိပေါ်*

လွန်ခဲ့သော (7)နှစ်......

အခန်း #1#

ဖိလစ်ပိုင်မလေး ကျောင်းသို့ရောက်လာသောအခါ"

ထိုင်ပေမြို့(Teipei)မြို့ရဲ့ ကွင်းတစ်နေရာ ကျောင်းသူကျောင်းသားအသံတွေနဲ့
အုံးအုံးထနေသည်။ကျောင်းပိတ်ရက်ဖြစ်တာကြောင့် လူပိုစည်သည်။ ကွန်ကရစ်
လမ်းရဲ့ ဘေးတစ်ဖက်စီမှာ ကျောင်းသူကျောင်းသားလေးတွေရဲ့ အသံစူးစူးတွေကို ကြားနေရသည်။ဘယ်ဘက်ဆိုင်ကယ် အဖြူအနီဟဲလ်မက်အနက်နဲ့လူသားကတော့ သာမန်လူတွေနဲ့မတူနဲ့ မျက်လုံးအလှရှင်လေးဖြစ်သလိုနှုတ်ခမ်းအောက်ကမှဲ့နက်လေးကလည်းရင်ခုန်ချင်စရာကောင်းသည်။သူသည်အရပ်၅ပေ၆ လောက်တော့ရှိမည် ။ဆယ်ကျော်သက်အရွယ်အထက်တန်း ကျောင်းသားလေးသာရှိသေးတာမို့ နောက်တစ်နှစ်၊နှစ်နှစ်လောက်ဆိုရင် အရပ်ကဒီထက်ပိုမြင့်မှာသေချာသည်။သူကတော့ စာအညံ့ဆုံးအတန်းဖြစ်တဲ့ Gအတန်းက ရှောင်းကျန့်
ဖြစ်သည်။

Daddy  Pa Pa Xiao Wang Wang ✔✔Where stories live. Discover now