Chapter ( 4 )

5.6K 458 8
                                    


မနက်အစောကြီး အဆောင်ရှေ့မှာသူ့အတွက် ပန်းစီးလာပို့တဲ့လူရောက်နေတယ်ဆိုလို့လုရင်းဒါ အံ့သြသွားရသည် ။

ရှန်ရှန်နဲ့နှစ်ယောက်သားအောက်ကို
ဆင်းလာပြီး အနီရောင်နှင်းဆီပန်းစီး
ကိုင်ထားတဲ့ လူအနားသို့ လျှောက်လာခဲ့သည်။

"လုရင်းဒါလားမသိဘူး"

အဲ့လူကမေးလာတော့လုရင်းဒါက ရှန်ရှန်ကို ကြည့်ပြီးလက်နှစ်ဖက်ကို သိုင်းယှက်လိုက်သည်။

"ရှင့်ကို ဘယ်သူက ပေးခိုင်းတာလဲ"

"အဲ့ဒါတော့ ပြောပြလို့မရပါဘူးဗျ"

Maskအနက်နဲ့ လျှာထိုးဦးထုပ်ပါ
ဆောင်းထားသော အဲ့လူကို
လုရင်းဒါ အကဲခတ်ကြည့်ပြီး
ပန်းစီးကို ယူလိုက်သည်။

"ကျေးဇူးပဲလို့ ပြောပေးပါ"

ပေးသူရဲ့အမည်ကို ပြောပြမသွားတော့
နှစ်ယောက်သား လက်ချင်းချိတ်ပြီး
အပေါ် ကို ပြန်တက်လာခဲ့သည်။အခန်းထဲ
ပြန်ရောက်တာနဲ့ ရှန်ရှန်က သူ့ကိုကြည့်ပြီး

"ရင်းဒါ ဘယ်သူပေးတယ်လို့ နင်ထင်လဲ"

ရှန်ရှန်အမေးကြောင့်လုရင်းဒါပြုံးရင်း ခေါင်းခါလိုက်သည်။

"ဟယ် မသိပဲနဲ့လက်ခံလိုက်သလား
ငါက ဘယ်သူပေးမှန်း နင်ခန့်မှန်းမိနေတယ်လို့ထင်နေတာ"

ဟိုကြည့်ဒီကြည့်နဲ့ပန်းပွင့်တွေကြားမှာညှပ်ထားတဲ့ အဖြူရောင်စာရွက်အသေးလေးကိုမြင်တော့ရှန်ရှန်ဆွဲယူလိုက်သည်။

"ရင်းဒါ ကိုယ်မင်းကိုအရမ်းချစ်ပေမယ့် ပန်းဖိုးမတတ်နိုင်လို့ အမှိုက်ပုံးမှာ
သွားကောက်ပြီး မင်းကိုပို့ပေးလိုက်ပြီနော"

" အရမ်း အရမ်းချစ်တယ် "

ပုံ..(XZ)

"ဟင် ဒါက.."

ရှန်ရှန်က အံ့သြမျက်ဝန်းတွေနဲ့
လုရင်းဒါကိုကြည့်လိုက်သည်။လုရင်းဒါကလည်း ရှန်ရှန်လက်ထဲက ဖိတ်စာလေး
ကိုယူကြည့်ပြီး အတော်လေးဒေါသထွက်သွားသည်။

"တောက်!ဒါ ဟိုအကောင်လက်ချက်ပဲ ဖြစ်ရမယ်"

လုရင်းဒါဘယ်သူ့ကို ဆိုလိုမှန်း ရှန်ရှန်မသိပေ။

Daddy  Pa Pa Xiao Wang Wang ✔✔Where stories live. Discover now