Chapter (16)

5K 407 13
                                    

Unicode

ဒီနေ့ကျောင်းပိတ်ရက်မို့ စုန်ဖေးတို့လည်း
စိတ်ညစ်ညစ်နဲ့ ပန်းခြံနဲ့ကပ်ရပ်
အားကစားကွင်းထဲ ရောက်ရှိလာသည်။လင်းအာတို့လည်း သူတို့နည်းတူ
အားကစားကွင်းကို ရောက်ရှိလာသည်။

ဒီလိုနဲ့ အားကစားကွင်းထဲ ဝင်လိုက်စဥ်မှာပဲ စားသောက်ဆိုင်ရဲ့တစ်နေရာမှာ
တစ်ယောက်နဲ့တစ်ယောက် ရေခဲမုန့်တွေ
ခွံ့ကျွေးနေကြတဲ့ လူနှစ်ယောက်ကိုမြင်ပြီး
စုန်ဖေးတို့အဖွဲ့ရော လင်းအာတို့အဖွဲ့ပါ
တစ်ဖက်သို့မျက်နှာလှည့်လိုက်စဥ်မှာ
မျက်နှာချင်းဆိုင်ဆုံမိသွားသည်။

ခြောက်ယောက်သား ထိုစုံတွဲရဲ့ မိုးမမြင်လေမမြင်ကြည်နူးနေကြတာကို
ကြည့်ပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အချင်းချင်း မေးခွန်းထုတ်နေကြသည်။

"သူတို့ဘာလုပ်နေကြတာလဲ"

စုန်ဖေးက ကြောင်တောင်တောင်နဲ့ မေးလာတော့ ကျိုးချန်က မေးပွတ်နေရာမှ
သူ့ပခုံးဖက်လိုက်ပြီး

"ငါ့အထင် ဒါ သူတို့ dateနေကြတာမလား"

ကျိုးချန်ရဲ့စကားကြောင့် သူတို့တွေ
ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
ဆက်ဆံရေးတင်းမာနေတယ်လို့ သူတို့
ထင်နေကြတဲ့ လူသားနှစ်ယောက်က
Dateနေကြတယ်ဆိုတာယုံချင်စရာမရှိပေ။

ရုတ်တရက် သူတို့ဘေးနားလာရပ်တဲ့လူတွေကို ရှောင်းကျန့်နဲ့ ရိပေါ် ခပ်တည်တည်နဲ့ လှည့်ကြည့်ပြီး တစ်ယောက်မျက်နှာ
တစ်ယောက်ပြန်ကြည့်လိုက်သည်။

"မင်းတို့နှစ်ယောက်ဒီမှာဘာလုပ်နေကြတာလဲ"

"မင်းတို့ရော ဘယ်လိုမြင်လဲ"

သူတို့အားလုံးကို ဝေ့ကြည့်ပြီး
ရှောင်းကျန့်ဆိုရင်း ယွမ်သုံးလေး
ရွက်ထုတ်ကာပစ်ပေးလိုက်သည်။

"ပါးစပ်လုံပါစေ"

လင်းအာလည်း ယွမ်တွေကို ကောက်ယူလိုက်ပြီး ခြောက်ယောက်သား ကိုယ်စီလက်ဆွဲကာ ထွက်သွားကြလေသည်။

သူငယ်ချင်းတွေအခုလိုမြင်လို့ ရိပေါ် ဘယ်လိုပုံစံဖြစ်သွားမလဲဆိုပြီး
ရှောင်းကျန့်အကဲခတ်ကြည့်ပေမယ့်
တည်တည်ငြိမ်ငြိမ်လေးပဲရှိနေတော့
သူပြုံးလိုက်မိသည်။

Daddy  Pa Pa Xiao Wang Wang ✔✔Where stories live. Discover now