part (9)

4K 333 22
                                    

Unicode

Shopping mallရဲ့တစ်နေရာ အရုပ်ကလေးတွေလိုက်ကြည့်နေတုန်း
နောက်ကနေ သူ့ကိုလာတိုက်မိတဲ့
လူကို ဝမ်ဝမ် ဘုကြည့်ကြည့်လိုက်
သည်။

သူ့ပါးပါးနဲ့အသက်အတူတူလောက်
ထင်ရတဲ့လူကြီးက အရပ်မြင့်မြင့်
အသားဖြူဖြူ ရုပ်ကလည်း
အတော်လေးကြည့်ကောင်းနေသည်။

လင်းအာသည် သူ့ကိုနှုတ်ခမ်းလေးဆူကာ
မကျေမနပ်စိုက်ကြည့်လာသော ကလေးမလေးကြောင့် လူက ခဏကြောင်သွားရသည်။

ထိုအချိန် ရှောင်းကျန့်ဆီက ဖုန်းဝင်လာတော့ လင်းအာကိုင်လိုက်သည်။

". ......."

"အင်း ကျန့် ငါရောက်နေပြီး ၊ကိစ္စမရှိဘူး
အေးဆေးလုပ်"

ဖုန်းပြောပြီး ရှေ့က ကလေးမကို မေ့ကာ
ထွက်သွားဖို့လုပ်တော့ ရုတ်တရက်
"ဘဲကြီး"ဆိုလို့ လင်းအာခြေလှမ်းများ
တန့်သွားသည်။

ဘဲကြီးလား။

"ဘဲကြီး လူကိုတိုက်သွားပြီးတော့
ဒီတိုင်းထွက်သွားလို့ရမလား"

သူ့ကိုလက်ညိုးထိုးပြီး နှုတ်ခမ်းလေးဆူကာ သူမလေးဆိုတော့ အသိထဲက
တစ်ယောက်ယောက်နဲ့တူတာမို့
လင်းအားက အနားသို့ လျှောက်လာသည်။

"ကလေးဘာဖြစ်လို့လဲ"

"ဟွန့် ဘာဖြစ်ရမှာလဲ လူကိုတိုက်မိပြီး
ဒီတိုင်းထွက်ပြေးဖို့ကြိုးစားတယ်လို့
ဝန်ခံစေချင်တယ်"

လက်လေးပိုက်ကာ သူ့ကို အပျိုမလေးတစ်ယောက်နှယ်သူမလေးဆိုလာတော့
လင်းအာတစ်ယောက် အူယားနေမိသည်။

"မ..မဟုတ်ရပါဘူးကွ ဦးဦးက သူငယ်ချင်းနဲ့ဖုန်းပြောပြီးလို့ မေ့သွားတာ"

"အဟင်း မယုံပေါင် သူငယ်ချင်းနဲ့ဖုန်းပြောပြီးလို့ တစ်ခါတည်း ရှောင်ပြေးသွားတယ်
ဆိုပါတော့"

သူ့ရှေ့က ချစ်စရာရုပ်ကလေးနဲ့စကားတတ်သောကောင်မလေးကိုကြည့်ပြီး
လင်းအာသဘောကျလွန်းလို့ ရယ်နေမိသည်။

"ပိုက်ဆံပေး"

သူမလေးကလက်ဖဝါးဖြန့်ကာဆိုတော့လင်းအာမျက်ခုံးနှစ်ဖက်မြင့်တက်သွား
ရသည်။

Daddy  Pa Pa Xiao Wang Wang ✔✔Where stories live. Discover now