Chapter (5). .uni

5.6K 418 2
                                    

ထင်းရှူးပင်နားမှာ ဟိုလိုက်ကြည့် ဒီလိုက်ကြည့်နေတဲ့ရှောင်းကျန့်ကို အပေါ် ထပ်ကနေမြင်တော့ ရိပေါ် မျက်မှောင်ကြုတ်သွားလေသည်။သူလည်း အိမ်ထဲပြန်ဝင်လာပြီး အောက်ထပ်ကိုဆင်းလာကာ အပြင်ကို ထွက်လာခဲ့သည်။

ရိပေါ် က ထင်းရှူးပင်တွေနား လျှောက်လာပြီး လက်ပိုက်ထားကာ ရှောင်းကျန့်ဘာလုပ်နေသလဲ ရပ်ကြည့်နေသည်။ဟိုကတော့ အခုချိန်ထိ သူ့ကို မမြင်သေးပေ။

"သူများခြံထဲမှာ ဘာလုပ်နေတာလဲ"

ရိပေါ် အသံကြားတော့မှ ရှောင်းကျန့်လှည့်ကြည့်လာသည်။သူက ခပ်ဖွဖွပြုံးလိုက်ပြီး

"ငါလား ဒီတိုင်း ပျင်းလို့"

"ပျင်းလို့ဟုတ်လား အဖိုးကို သွားပြီး မဖားတော့ဘူးလား"

ရှောင်းကျန့်နှုတ်က ပျင်းတယ်ဆိုတဲ့စကား
ကြောင့် သူ့မှာ ခနဲ့သလိုရယ်သံစွက်ကာ ဆိုလိုက်သည်။

"ဘာလဲ မင်းကအဖော်လိုက်ချင်လို့လား"

ရှောင်းကျန့်အမေးကြောင့် ရိပေါ် ပခုံးတွန့်လိုက်ပြီး

"ငါက ဖားတာဝါသနာလည်းမပါသလို
စိတ်လည်းမဝင်စားခဲ့ဘူး ။သူတို့နှစ်ယောက်ကို မင်းဖားပိုင်ခွင့်ရှိတယ်။
ဒါပေမဲ့ လုရင်းဒါနဲ့ပက်သက်လာရင်တော့
ငါမင်းကိုအရှုံးမပေးဘူး"

ရိပေါ် ထိုသို့ဆိုလိုက်တော့ ရှောင်းကျန့်မျက်ခုံးနှစ်ဖက်မြင့်တက်ကာ မဲ့ခနဲ
ပြုံးလိုက်သည်။

"ဟုတ်တာပေါ့ ဒါက လုရင်းဒါနဲ့လည်း ဆိုင်တယ်လေ နောက်ဆုံး သူဘယ်သူ့ကို ရွေးချယ်မလဲ ငါတို့ စောင့်ကြည့်ကြတာပေါ့"

ရှောင်းကျန့်ရဲ့စကားကြောင့် ရိပေါ် ကသူ့ကိုစူးစိုက်ကြည့်ရာကနေအကြည့်လွဲလိုက်
ပြီးနောက်ကိုတစ်ချက်မှ လှည့်မကြည့်တော့ပဲ အိမ်ဘက်ပြန်လာခဲ့သည်။

*သိပ်ကိုကလေးဆန်လွန်းပါလား
ဝက်ပေါက်လေးရဲ့*

သူ့ကိုကျောခိုင်းလှည့်ထွက်သွားတဲ့
ရိပေါ် ကို အိမ်ထဲဝင်သွားတဲ့အထိ
ရှောင်းကျန့် ငေးကြည့်ရင်း
ပြုံးလိုက်မိသည်။

Daddy  Pa Pa Xiao Wang Wang ✔✔Where stories live. Discover now