Chapter (19)

4.4K 366 10
                                    

Unicode

"အဟင်း ရင်းဒါက ဖိလစ်ပိုင်သူလေးပေါ့ဟုတ်လား"

"ဟုတ် "

ရှောင်းရန်ချန်းရဲ့အသံသည် လုရင်းဒါဆိုတဲ့ ကောင်မလေးကို စိတ်ဘဝင်ထဲ
သဘောကျနေတာ အသေအချာပေ။

ရှောင်းအိမ်တော်ကို လုရင်းဒါရောက်လာတဲ့ရည်ရွယ်ချက်က အိမ်သားတွေနဲ့
ရင်းနှီးကျွမ်းဝင်ဖို့အတွက်ပါပဲ။အခုတော့ သူမကိုလိုလိုလားလားကြိုဆိုနေတဲ့ ရှောင်းကျန့်ရဲ့တီလေးကြောင့်လုရင်းဒါ ပျော်ရွင်လို့မဆုံးပေ။

"ရင်းဒါလေးက ကျန့်ကျန့်နဲ့ရင်းနှီးတယ်ပေါ့နော"

"ဟုတ် ဟို ရင်းဒါတို့နှစ်ယောက်က....."

ရှက်သံဝဲဝဲလေးနဲ့ လုရင်းဒါက စကားကို ဆက်မပြောတော့တာမို့ ရှောင်းရန်းချန်း အကဲခတ်လိုက်မိသည်။အကဲခတ်ကြည့်ရသလောက် ကလေးမလေးရဲ့ပုံစံက
တူဖြစ်သူကို သဘောကျနေတယ်ဆိုတာ
မလွဲနိုင်ပေ။

အိမ်ထဲဝင်ဝင်လာချင်း ဧည့်ခန်းထဲမှာ
တီလေးနဲ့အတူ လုရင်းဒါကိုမြင်တော့
ရှောင်းကျန့်မယုံကြည်နိုင်ဖြစ်သွားရသည်။

"ဟော ကျန့်ကျန့်ပြန်လာပြီး ဒီမှာ ရင်းဒါလေး ရောက်နေတယ်"

အိမ်အထိတောင် လုရင်းဒါရောက်လာတဲ့
ရည်ရွယ်ချက်က ဘာများလဲ။ငူငူကြီးရပ်နေတဲ့ တူဖြစ်သူကိုကြည့်ပြီး
ရှောင်းရန်ချန်းထံမှာ ရယ်သံလေးထွက်လာသည်။

"ရင်းဒါလေးရေ ထမင်းစားပြီးမှ ပြန်နော"

လုရင်းဒါက ရှောင်းရန်ချန်းကို လိမ်မာယဥ်ကျေးစွာ ခေါင်းငြိမ့်ပြလိုက်သည်။
ရှောင်းကျန့်ကတော့ အိမ်ကို လုရင်းဒါ
ရောက်လာလို့ အတော်ကို မနှစ်မြို့တဲ့ပုံပေ။

နေ့လည်စာထမင်းဝိုင်းမှာ လူငယ်သုံးယောက် တိတ်ဆိတ်နေတော့
ရှောင်းရန်ချန်းက အခြေအနေကို
အကဲခတ်လိုက်သည်။

ရိပေါ် ဆိုတဲ့ကောင်လေးကတော့
ထမင်းကိုသာ ငုံ့စားနေပြီး တူဖြစ်တဲ့
ရှောင်းကျန့်ကတော့ ထိုကောင်လေး
ကို ငေးကာ ထမင်းစားဖို့ မေ့နေသည်။

"ရင်းဒါလေး စားနော အားမနာနဲ့"

ရှောင်းရန်ချန်းဆိုရင်း လုရင်းဒါပန်းကန်ထဲသို့ ပုဇွန်ကြော်လေး ထည့်ပေးလိုက်သည်။

Daddy  Pa Pa Xiao Wang Wang ✔✔Where stories live. Discover now