Final

8.7K 418 85
                                    

Unicode

၅လလောက်ကြာပြီးနောက် ရှောင်းဝမ်ဝမ်လည်း ဝင်ခွင့်စာမေးပွဲ ဖြေပြီးသွားခဲ့ပြီး။အဲ့ငါးလမှာ လင်းယွီရှန်းကတော့ သူမနဲ့
တွေ့ခွင့်မရပေ။ယောက္ခထီးနှစ်ယောက်က
ဦးလေးငယ်နဲ့လာတွေ့ပြီး သူတို့အကြောင်းကို ပြောဆိုဆွေးနွေးခဲ့ကြသည်။နောက်ဆုံးတော့ ကလေးဆန်တဲ့ ယောက္ခထီးက
သူ့Daddyရဲ့စကားမှာ လက်လျော့ခဲ့ပုံရသည်။ပြီးတော့ သူ့အထင် ဦးလေးငယ်မျက်နှာကြောင့်လည်း ပါမှာ သေချာသည်။
ဘယ်လိုပဲ ဖြစ်ဖြစ် နတ်သမီးလေးရှောင်းဝမ်ဝမ်ကို ပိုင်ဆိုင်ရတာ သူ့အတွက် အဖိုးမဖြတ်နိုင်တဲ့ အနှိုင်းမဲ့ရတနာလေးပါပဲ။

ထိုအချိန် သူမလေးဆီကဖုန်းဝင်လာတော့
ကားမောင်းနေရင်း လင်းယွီရှန်းကိုင်လိုက်သည်။

"Babe ရောက်ပြီးလား"

". ........."

"ခဏလေးစောင့်ပေးနော ဧည့်သည်နဲ့အခုမှတွေးပြီးတာ ၊ကိုယ်ထွက်လာနေပြီး"

သူဒီနေ့ သူမလေးနဲ့အတူ လျှောက်လည်မယ်လို့ ပြောထားပေမယ့် မတွေ့မဖြစ်တွေ့ရမယ့်ဧည့်သည်ကြောင့် သူအခု အားလည်းနားနေရသည်။ဧည့်သည်နဲ့စကားပြောပြီးမယ့်အချိန်ကိုမှန်းပြီး ညနေ သုံးနာရီမှာ သူမလေးကိုချိန်းထားခဲ့ပေမယ့်
သူနာရီဝက် နောက်ကျနေသေးသည်။

လင်းယွီရှန်းကို ပန်းခြံမှာ စောင့်နေတုန်း
အနီးအနားတစ်ဝိုက်မှာအတွဲတွေနဲ့
ပြည့်လာတာကြောင့်
ဝမ်ဝမ် နည်းနည်း ရှက်လာသည်။ထိုမိန်းကလေးတွေက သူမကို
လှောင်ပြုံးနဲ့ ပြုံးကြည့်နေကြသည်။
ချစ်သူ၊ရည်းစားမရှိပဲ ဒီမှာလာထိုင်ရဲတယ်ဆိုတဲ့အထင်မြင်သေးမှုကို သူမမြင်နေရသည်။တကယ်ပဲ ဒီမှာ လာစောင့်မိတာ
မှားပြီးလားလို့ တွေးရင် ရှောင်းဝမ်ဝမ်
နောင်တရမိသည်။

ထိုအချိန် ဘောင်းဘီအိတ်ထဲလက်နှိပ်က
စတိုင်အပြည့်နဲ့ စမတ်ကျကျ
လျှောက်လာတဲ့ ချောမောခန့်ညားသော
ထိုလူရွယ်လေးကြောင့် ပန်းခြံက မိန်းကလေးတွေရဲ့အကြည့်တွေက သူ့ဆီ
စုပြုံရောက်လာသည်။

"Babe စောင့်ရတာ ကြာသွားလား"

မျက်လွှာချထားရာကနေသူ့ရှေ့မှာ ခြေစုံရပ်လာတဲ့ လူကြီးရဲ့အသံကြောင့်
ရှောင်းဝမ်ဝမ်မော့ကြည့်လိုက်သည်။

Yayımlanan bölümlerin sonuna geldiniz.

⏰ Son güncelleme: Apr 12, 2022 ⏰

Yeni bölümlerden haberdar olmak için bu hikayeyi Kütüphanenize ekleyin!

Daddy  Pa Pa Xiao Wang Wang ✔✔Hikayelerin yaşadığı yer. Şimdi keşfedin