part (18)

3.8K 322 8
                                    

Unicode

ထွက်သွားသော သားအဖနှစ်ယောက်ကို
ကြည့်ပြီး ရိပေါ် စိတ်တွေတိုလွန်းလို့အားရပါးရရိုက်ပြစ်ချင်မိသည်။ဒါတောင်
ဝမ်ဝမ်က ရှောင်းကျန့်ကို
သူ့အဖေမှန်းသိသေးတာမဟုတ်ပေ။သိများသိရင် မျက်စိအောက်ကတောင်
အပျောက်ခံပါ့မလား။ဒီတစ်ခါတော့
ရှောင်းကျန့်ကို ရိပေါ် မနာလိုဖြစ်သွားရသည်။

ရှေ့ကိုလှည့်ကြည့်စဥ် လင်းအာကိုမြင်တော့ ရိပေါ် ခပ်တည်တည်ပဲ မျက်ခုံးပင့်ပြလိုက်သည်။

"မင်းကလည်း အခုပဲတွေ့တာကို ရုပ်ကြီးကလည်း လူကိုထသတ်တော့မယ့်ရုပ်နဲ့"

"အပိုတွေပြောမနေစမ်းပါနဲ့ ၊ မင်းလည်း
တော်တော်သွက်တဲ့ကောင်ပဲ"

ရိပေါ် ဘာကိုဆိုလိုမှန်း လင်းအားသိတော့
ရယ်ကျဲကျဲလေးနဲ့ ပန်းပင်စိုက်နေတဲ့ လျန်
ဟော့ကိုလှည့်ကြည့်လိုက်သည်။

"ဒါဆို ငါတို့အဖွဲ့က အသွက်ကောင်တွေပေါ့နော"

လင်းအာက ရယ်ရယ်မောမောနဲ့ စနောက်ကာဆိုတော့ ရိပေါ် စိတ်တိုတိုနဲ့ပြန်ကြည့်လိုက်သည်။

"မဟုတ်ဘူးလား ငကျန့်ကြောင့် မင်းကလေးတစ်ယောက်တောင်ရနေပြီးလေး"

အိမ်ထဲကိုတစ်ချက်ကြည့်ပြီး လင်းအာနဲ့ပါးစပ်ကို ရိပေါ် လက်နဲ့အမြန်အုပ်လိုက်သည်။ရိပေါ် ဘယ်လိုပဲ စိတ်ဆိုးဒေါသထွက် လင်းအာကတော့ သဘောကျကာ
အားရပါးရကိုရယ်လေတော့သည်။

"သူက ငါ့သမီးအဖေလို့ ဘယ်သူ ပြောလဲ"

သူ့စကားကြောင့် လင်းအာပိုပြီးရယ်လိုက်တာမို့ ခြေထောက်နဲ့ ရိပေါ် လှမ်းကန်လိုက်သည်။

"Ok. .okဒီတစ်ခါ ငါအတည်ပြောမယ်"

လင်းအာက မျက်နှာပိုးသတ်ပြီး ရိပေါ် ပခုံးကို အသာပုတ်လိုက်သည်။

"ငါမင်းကိုပြောပြစရာရှိတယ်"

"ကလင်း.....ကလင်း....ကလင်း..."

ဘောင်းဘီအိတ်ထဲက ဖုန်းမြည်သံကြောင့်
လင်းအာထုတ်ယူလိုက်သည်။

". .............."

"ဘယ်လို ဒါဆို ငါဒီနေ့အရောက်လာခဲ့မယ်"

Daddy  Pa Pa Xiao Wang Wang ✔✔Unde poveștirile trăiesc. Descoperă acum