part (6)

4.1K 367 15
                                    

Unicode

အလုပ်ပြီးသွားလို့ရှောင်းကျန့်ပြန်ထွက်လာတဲ့အချိန်ကျတော့ ဝမ်ဝမ်ကနပ့်စ်မလေး
ဖန်ဖန်းနဲ့ ရယ်ရယ်မောမောစကားပြောနေတာကိုတွေ့လိုက်ရသည်။ ခွဲခန်းထဲရောက်ပေမယ့်ဝမ်ဝမ်တစ်ယောက် သူ့ကိုစိတ်ဆိုးလေမလားတွေးခဲ့မိသေးသည်။ ပေါ့ပါးသောခြေလှမ်းတွေနဲ့ သူမလေးတိို့ဆီလျှောက်အလာ ရုတ်တရက် မိန်းမလှ
လေးတစ်ယောက်နဲ့ တိုက်မိသွားတော့
လဲကျခါနီးသူမရဲ့ခါးကို အလိုက်တသိနဲ့ ရှောင်းကျန့်ဖမ်းပေးလိုက်သည်။

ဒါကို ဝမ်ဝမ်က ဖန်ဖန်းနဲ့စကားပြောနေတုန်း တိုက်မိသံကြောင့် မြင်ဖြစ်အောင်
မြင်လိုက်သည်။ထိုမိန်းမလှလေးသည်
လည်း ချောမောခန့်ညားသောဒေါက်တာကိုအချိန်တော်တော်ကြာငေးကြည့်နေခဲ့
သည်။

ဦးဦးဒေါက်တာနဲ့ မိန်းမလှလေးတို့ တစ်ယောက်နဲ့တစ်ယောက် ရယ်ရယ်မောမောစကားပြောနေကြတော့ ဝမ်ဝမ် မျက်မှောင်ကြုတ်သွားလေသည်။ ဦးဦး
ဒေါက်တာက နှုတ်ဆက်သွားတာတောင်
မိန်းမလှလေးသည် နောက်ကနေ
မျက်တောင်မခတ် လိုက်ကြည့်နေသေးသည်။

သူနဲ့ရယ်ရယ်မောမောစကားပြောနေတုန်းရုတ်တရက် မျက်နှာစူပုတ်သွားတဲ့ဝမ်ဝမ်ရဲ့
အကြည့်ရောက်နေတဲ့ဘက်ကို ဖန်ဖန်း
ကြည့်လိုက်သည်။

"ဟင် ဒေါက်တာ"

ရှောင်းကျန့်သည် ဖန်ဖန်းကို ပြုံးပြလိုက်ပြီး ဝမ်ဝမ်ရဲ့ ခေါင်းလေးကို အသာ
ပုတ်လိုက်သည်။

"ဝမ်ဝမ် ပျင်းသွားပြီးလား"

ထိုင်ရာမှ ဝမ်ဝမ်ထရပ်ရင်း ရှောင်းကျန့်ကို
ခေါင်းခါပြလိုက်သည်။

"သမီးပြန်ချင်ပြီ"

စကားအဆုံး ဝမ်ဝမ်လှည့်ထွက်သွားတော့
ရှောင်းကျန့်သည် ဖန်ဖန်းကိုတစ်ချက်ကြည့်ပြီး ဝမ်ဝမ်နောက် ပြေးလိုက်လာခဲ့သည်။

"ဝမ်ဝမ်...ဝမ်ဝမ်..ဝမ်ဝမ် ဦးဦးစိတ်ဆိုးသွားတာလား"

"အဟင့်...အီး..ဟီး..ဟီး..ဟီး"

ရုတ်ခြည်းဆိုသလို သူမလေးငိုချလာတော့
ရှောင်းကျန့် အထိတ်ထိတ်အပြာပြာဖြစ်သွားရသည်။

Daddy  Pa Pa Xiao Wang Wang ✔✔Where stories live. Discover now