part (29)

4.1K 337 24
                                    

Unicode

စားပွဲပေါ် က vibrationသံကြောင့်
ရှောင်းကျန့်ဆက်တယ်အထင်နဲ့ ဖုန်းကို
ရိပေါ်အမြန်ယူကြည့်လိုက်သည်။သူ့အတွင်းရေးမှူးဆီကဖြစ်တော့
မျက်နှာက ချက်ချင်းကြီးမှုန်ကုပ်သွားသည်။

"အင်းပြော"

". ..................."

"ဒီနေ့ ငါကိစ္စနည်းနည်းရှိလို့ မလာဖြစ်ဘူး"

". ..............."

"ခွေးရုပ်လား ဘယ်သူပို့ပေးတာလဲ"

". ............."

"Daddyလား အင်းသိမ်းထားလိုက်"

ရှောင်းကျန့်သူ့ကို Deliveryနဲ့ ခွေးရုပ်လေးပို့ပေးတယ်ဆိုလို့ အသံမထွက်အောင်
ရိပေါ် ကျိတ်ရယ်ရင်း အိပ်ရာပေါ် မျက်နှာအပ်ကာ ထွန့်ထွန့်လူးနေသည်။

ထိုအချိန်ရှောင်းကျန့်ဖုန်းဝင်လာတော့ ရိပေါ် နှာခေါင်းရှုံ့ရင်း မျက်နှာပိုးသတ်ကာ
ဖုန်းကိုင်လိုက်သည်။

"ပြော"

တစ်ဖက်က မကျေနပ်သံကြားတော့
ရှောင်းကျန့်ပြုံးလိုက်မိသည်။

"ပါးပါး စိတ်ကောက်နေတာလား"

"ဟွန့် စိတ်ကောက်ရအောင် ကျွန်တော်က
ကလေးလား"

အသံက ချွဲ့ချွဲ့နွဲ့နွဲ့လေးနဲ့မို့ အနားမှာရှိရင်
ပါးပါးရဲ့မျက်နှာက ဘယ်လောက်ချစ်စရာကောင်းလိုက်မလဲ။ရှောင်းကျန့်စိတ်ကူးယဥ်ကြည့်ပြီး အသည်းတယားယား ဖြစ်နေရတော့သည်။

"Daddy အရုပ်ပို့ပေးတာတွေ့ပြီးပြီးလား၊
အဲ့အရုပ်လေးက ပါးပါးကို တွေ့တာနဲ့
I love youလို့ အော်လိုက်မယ်"

ရှောင်းကျန့်ရဲ့စကားကြောင့် ရိပေါ် ခိုးရယ်လိုက်မိသည်။သူအခုတလော ဒီလူကြီးကြောင့် ခဏခဏပြုံးနေရတာမို့
ကိုယ့်ကိုယ်ကို ရူးနေပြီးလို့တောင် ရိပေါ်
ထင်မိသည်။

"ပါးပါး စိတ်မဆိုးနဲ့တော့နော "

"စိတ်ဆိုးတယ်လို့ပြောမိလို့လား၊ ဒါနဲ့
ကိုယ့်ကိုယ်အပြစ်ရှိတယ်လို့မထင်မိဘူးလား"

"အပြစ်ရှိတယ် Daddyပြန်လာရင် ဘာအပြစ်ပေးချင်လဲ"

"တော်ပြီး ကလေးကလားဆန်တယ်"

Daddy  Pa Pa Xiao Wang Wang ✔✔Where stories live. Discover now