Chapter (17)

4.6K 396 0
                                    

Unicode

စာတွေအလွန်အမင်းကြိုးစားလို့ သူ့ကို
မေ့နေတဲ့ ရိပေါ် ကိုကြည့်ပြီး ရှောင်းကျန့်မျက်နှာစူပုတ်သွားရသည်။

သူ့ဘက်က ချောင်းဆိုးဟန်လုပ်လိုက်၊
ခလုတ်တိုက်မိသလိုလုပ်လိုက်၊
စာအုပ်ပြုတ်ကျအောင်လုပ်လိုက်ပေမယ့်
ဝမ်ရိပေါ် ရဲ့အာရုံက သူ့ဆီရောက်မလာခဲ့ပေ။

ရုတ်တရက်ပဲ ရိပေါ် ကို ရှောင်းကျန့်
ပွေ့လိုက်ပြီး သူ့ပေါင်ပေါ် ထိုင်စေသည်။

"ဘာလုပ်တာလဲ စာတစ်လုံးမှမရသေးဘူး"

"ခဏနေပါအုံးကွ ကိုကို ပင်ပန်းလာလို့
ခဏလေးဖက်ထားပါရစေနော"

ရှောင်းကျန့်ကို ခေါင်းငြိမ့်ပြပြီး စားပွဲအောက်က အယ်လ်ဘမ်တစ်ခုကို
ရိပေါ် ဆွဲထုတ်လိုက်သည်။

"ဟမ် ဒါက ပုံအသစ်တွေပါလား"

အဘိုးနှစ်ယောက်ရဲ့မွေးနေ့ပွဲမှာ
ဓာတ်ပုံဆရာအတူရိုက်ပေးခဲ့တဲ့ပုံတွေဖြစ်နေသည်။ဓာတ်ပုံတွေတစ်ပုံပြီးတစ်ပုံ
လိုက်ကြည့်နေတုန်း အိမ်အထွက်မှာ ဂါဝန်လေးမထားတဲ့ မိန်းမလှလေးရဲ့ပုံကို မြင်တော့ရိပေါ် မျက်လုံးပြူးသွားလေသည်။အမှောင်ရိပ်နည်းနည်းကျပေမယ့် ထိုမိန်းမလှလေးက သူမှန်းမှားစရာမရှိပေ။ဘယ်လိုဖြစ်လို့ အဘိုးက ဒီဓာတ်ပုံကို အယ်လ်ဘမ်ထဲမှာ ထည့်ထားရတာလဲ။

ရိပေါ် သက်ပြင်းချတော့ ရှောင်းကျန့်လည်း ဓာတ်ပုံကို ယူကြည့်လိုက်သည်။

"ကျွန်တော့်ပုံက ဘယ်လိုဖြစ်လို့ ဒီမှာရှိနေတာလဲမသိဘူး"

"မင်းပုံ"

ရိပေါ် ခေါင်းငြိမ့်ပြတော့ ထိုဓာတ်ပုံကို
ရှောင်းကျန့် အသေအချာကြည့်လိုက်သည်။အဘိုးမွေးနေ့တုန်းက သူနဲ့တိုက်
မိတဲ့မိန်းကလေးမှန်း ရှောင်းကျန့်
ချက်ချင်းသိလိုက်သည်။

"ဒီကောင်မလေးက ဝက်ပေါက်လေးလား"

"ဟီး..အဲ့နေ့တုန်းက ပိုက်ဆံခိုးဖို့ အဲ့ပုံစံနဲ့
အိမ်ပြန်လာတာ"

ရုတ်ခြည်းဆိုသလို နှုတ်ခမ်းတစ်စုံ
ပူနွေးသွားတော့ ရိပေါ် ခဏကြောင်
သွားသည်။

Daddy  Pa Pa Xiao Wang Wang ✔✔Where stories live. Discover now