part (31)

4.2K 317 24
                                    

Unicode

"တူ...တူ...တူ..."

ခွဲခန်းကနေ ထွက်လာပြီး အခန်းထဲပြန်ဝင်လာစဥ် စားပွဲပေါ် က ဖုန်း
vibrationကြောင့် ခြေလှမ်းကျဲကြီးတွေနဲ့
စားပွဲရှိရာ ရှောင်းကျန့်လျှောက်လာကာဖုန်းကို ချက်ချင်းကိုင်လိုက်သည်။

"ဘယ်လို ငါအခုပြန်လာခဲ့မယ်"

တစ်ဖက်ကလူက ရိပေါ် မူးလဲနေတယ်ဆိုလို့ ရှောင်းကျန့်ခေါင်းနပမ်းကြီးသွားရသည်။သူ့မှာ ဖုန်းကို ဘောင်းဘီအိတ်ထဲ
ထိုးထည့်ပြီး နားကြပ်ကောက်ယူကာ
အခန်းကနေ ပြေးထွက်လာခဲ့သည်။

@@@@@@@@@@@@@@@@@@@

နိုးနိုးချင်း သူ့လက်ဖဝါးကို ဆုပ်ကိုင်ကာပြုံးကြည့်နေတဲ့ ရှောင်းကျန့်ကြောင့် ဝုန်းခနဲဆိုသလို ရိပေါ် ထထိုင်လိုက်သည်။

" ပါးပါးရယ် ဖြေးဖြေးလုပ်ပါကွ"

ရှေ့က Daddyကြီးရဲ့စကားကြောင့်
ရိပေါ် နှုတ်ခမ်းလေးဆူထော်သွားသည်။

"Daddyက ဘယ်လိုလုပ်အိမ်ပြန်ရောက်တာလဲ"

"ပါးပါးမူးလဲတယ်ဆိုလို့ ပြန်လာရတာပေါ့၊ဒါနဲ့ ပါးပါးကို အရမ်းကျေးဇူးတင်တယ်"

ဖြုံးဖြီးဖြီးနဲ့ ကုတင်ပေါ် တက်ထိုင်ကာ
သူ့ကိုသိုင်းဖက်လာတဲ့ Daddyကြောင့်
ရိပေါ် အနည်းငယ်ထူးဆန်းတယ်လို့တွေးမိသည်။

"Daddyက ဘာအတွက် ကျေးဇူးတင်တာလဲ၊ဒီနေ့ကြည့်ရတာအူမြူးနေသလိုပဲ"

"အူမြူးရမယ်လေ ပါးပါးဆီမှာ ကိုယ်ရဲ့ရင်သွေးလေးရှိနေပြီးသိလား"

" ကျွန်တော်ကလေးမွေးရအုံးမှာလား"

"ဒါပေါ့"

မျက်နှာကြီးစူပုတ်သွားတဲ့ ပါးပါးရဲ့
ဖခုံးကို ရှောင်းကျန့်က သူ့ဘက်ဆွဲလှည့်
ပြီး နီရဲစိုနေသော နှုတ်ခမ်းဖူးဖူးလေးကို
ဖွဖွလေးနမ်းလိုက်သည်။

"ပါးပါးလည်းကွား မျက်နှာကြီးက
ဘာဖြစ်တာလဲ၊ Daddyအတွက် ကလေး
မမွေးပေးချင်ဘူးလား"

"မပြောမိပါဘူးနော ၊Daddyက မွေးမှမမွေးရတာ ပြောအားရှိတာပေါ့။ ဒါပေမဲ့
ကျွန်တော်အခုထိ ကြောက်နေတုန်းပဲ "

Daddy  Pa Pa Xiao Wang Wang ✔✔Où les histoires vivent. Découvrez maintenant