part (7)

4.2K 374 28
                                    

Unicode

"ဒေါက်...ဒေါက်..."

"အန်းကုန်းကြီးရေ သမီးဝင်လာမယ်နော"

စကားသံလေးအဆုံး အခန်းထဲ ဝမ်ဝမ်
ဝင်လာတော့ မစ္စတာဝမ် စာအုပ်ဖတ်နေရင်းမှ ကြည့်လာသည်။

"ဟင် သမီးက ဒီနေ့ထူးဆန်းလို့ပါလား"

"မထူးဆန်းပါဘူး"

ဝမ်ဝမ်သည် ကုတင်ပေါ် တက်လာပြီး
သူ့အန်းကုန်းကြီးရဲ့ ခြေထောက်ကို
နှိပ်ပေးလိုက်သည်။

"အဟင်း အန်းကုန်းကြီးက အရမ်းသန်မာတာပဲ ၊ ရုပ်ကအတော်လေးနုပျိုနေတာ
ကြည့်ရတာတော့ မိန်းမတစ်ယောက်လောက် ထပ်ယူလို့ရသေးတယ်ထင်တယ်"

"ဟင်!"

မြစ်မလေးရဲ့ ထူးထူးဆန်းဆန်း စကားကြောင့် မစ္စတာဝမ်မှာ ဟင်ခနဲဖြစ်သွား
ရသည်။

"ဟို ဒါနဲ့ အန်းကုန်းကို သမီးမေးစရာရှိတယ် ၊ပါးပါးက ဘာလို့ နောက်ထပ်
အိမ်ထောင်မပြုတာလဲဟင်"

"အဲ့ဒါတော့ အန်းကုန်းလည်း မသိဘူးသမီးရဲ့ ၊သမီးပါးပါးပဲ သိလိမ့်မယ်"

တကယ်လည်း လူကြီးနှစ်ယောက်သည်
လွန်ခဲ့သော၆နှစ်ကတည်းက ဝမ်ရိပေါ်
ဆုံးဖြတ်ချက်ကို ဘာမှမကန့်ကွက်ကျ
တော့သလိုလို ဘာလုပ်လုပ် ၊ဘယ်လိုပဲ
ဆုံးဖြတ်၊ဆုံးဖြတ် မြေးရဲ့စိတ်တိုင်းကျ
အတိုင်းသာ။

"အန်းကုန်း ပါးပါးမိန်းမယူတာကို
သဘောကျလား ၊ယောကျာ်းယူတာကို
သဘောကျလား"

"ဟင်!"

"သမီးဆိုလိုချင်တာက ပါးပါးကမိန်းမယူရင် စိတ်ညစ်မှာသေချာတယ် ၊သူ့မှာ
အလုပ်နဲ့မအားလပ်တဲ့ကြားက မိန်းမကို
လိုက်ဂရုစိုက်နေရရင် ပါးပါး သေသွားမှာပေါ့"

"ဟော ယောကျာ်းသာယူကြည့် ၊ အလိုလိုက်ခံရမယ် ၊အချစ်ခံရမယ်
သူ့ကိုလည်း ကာကွယ်ပေးမယ်ဆိုတော့
ပါးပါးယောကျာ်းယူမယ်ဆိုရင်
သမီးမကန့်ကွက်ပါဘူး။ဒါနဲ့ အန်းကုန်း
ရော ယောကျာ်းယူရင် သဘောတူလား"

မစ္စတာဝမ်သည် စကားတတ်တဲ့၆နှစ်အရွယ်မြစ်မလေးရဲ့ လူကြီးစကား
တွေကြောင့် အတော်လေး အံ့သြသွားရသည်။

Daddy  Pa Pa Xiao Wang Wang ✔✔Where stories live. Discover now