part (15)

4.4K 372 30
                                    

Unicode

အိမ်ပြန်ရောက်လာတော့ ဟိုဘက်အိမ်ထဲကနေ ထွက်လာတဲ့ ဝမ်ရိပေါ် နဲ့ မိန်းကလေးတစ်ယောက်ကိုလှမ်းမြင်လိုက်တာမို့ ရှောင်းကျန့်ခြေလှမ်းများတန့်ကာ
မျက်မှောင်ကြုတ်ကြည့်နေမိသည်။

နှစ်ဦးသားရယ်ရယ်မောမောနဲ့ စကားပြောနေကြတဲ့ မြင်ကွင်းက အရမ်းကို လှပေမယ့် ရှောင်းကျန့်အတွက်တော့ မလှပခဲ့ပေ။
ရိပေါ် ကလည်း သူမဆီကနေ တစ်ချက်မှ
မကြည့်မလွဲပဲ တစိမ့်စိမ့်ကြည့်နေသလိုပေ။

ထိုအချိန် ခြံထဲကို ဝမ်ဝမ်တို့ကား
ဝင်လာတော့ရှောင်းကျန့်ကြည့်လိုက်သည်။
ဒါတောင် ရိပေါ် က တစ်ချက်ကလေးသာကြည့်ပြီး သူမဆီကိုသာ အကြည့်ပြန်ရောက်သွားသည်။

ရှေ့က အရမ်းကိုချစ်စရာကောင်းသော
မိန်းကလေးကိုကြည့်ပြီး ဝမ်ဝမ်မျက်နှာစူပုတ်သွားသည်။

*ဘာလို့ အဲ့လောက်တောင် ချစ်ဖို့ကောင်းနေတာလဲ၊ လက်ချောင်းလေးတွေသွယ်လိုက်တာ၊ခြေချောင်းလေးတွေရောပဲ။
မဟုတ်ဘူး...မဟုတ်ဘူး ရှောင်းဝမ်ဝမ်
နင်အမြင်မှားနေတာ ဘာမှချစ်စရာမကောင်းဘူး အဲ့ဒါစနိုက်ကြော်မဖြစ်နိုင်တယ်*

"အဟမ်း..ပါးပါး"

ဝမ်ဝမ်ရဲ့အသံကြောင့် ရိပေါ် ရော မိန်းကလေးပါလှည့်ကြည့်လာသည်။

"ဟင်း သူက ဝမ်ဝမ်မလား"

သူ့ကိုလှည့်ကြည့်ကာ အန်းဇီခါမေးလာတော့ ရိပေါ် က ကြံသကာအပြုံးနဲ့
ခေါင်းငြိမ့်ပြလိုက်သည်။

"အဟင်း..ဝမ်ဝမ် တီလေးကို မှတ်မိလား"

ချစ်စဖွယ်ကောင်းစွာ သူ့ကိုမေးလာတော့
ခပ်တည်တည်နဲ့ ဝမ်ဝမ်ခေါင်းခါလိုက်သည်။

"သမီးက တော်ရုံလူဆို သိပ်မမှတ်မိဘူး
အန်တီကြီးရဲ့"

"ဝမ်ဝမ် သမီးစကားကိုဘယ်လိုပြောနေတာလဲ"

"ပါးပါးကလည်း မှတ်မှမမှတ်မိတာကို
ဘယ်လိုလို့ လိမ်လို့ကောင်းမှာလဲ"

နှုတ်ခမ်းလေးတထော်ထော်နဲ့ ပါးပါးကို
ဝမ်ဝမ်ခွန်းတုန့်ပြန်နေမိသည်။

"သမီးအထဲဝင်တော့သွား"

"အဟင်း ရိပေါ် ကလည်း ကလေးဆန်လိုက်တာ ၊ဝမ်ဝမ်က ကလေးလေ
ကလေးလိုပဲပြောတတ်၊ဆိုတတ်မှာပေါ့"

Daddy  Pa Pa Xiao Wang Wang ✔✔Where stories live. Discover now