part (30)

4.7K 332 25
                                    

Unicode

"ပါးပါး ဘယ်သူ့ကိုမျှော်နေတာလဲ"

အိမ်အပြင်ကို ကြည့်လိုက် သက်ပြင်းချလိုက်ဖြစ်နေတဲ့ ပါးပါးကို ကြည့်ပြီး
ဝမ်ဝမ် မမေးပဲမနေနိုင်တော့။ဒီတစ်ခါ
Daddyက အပြီးပြန်လာမှာဆိုတော့
ကိစ္စပြီးပြတ်မှပဲ ပြန်လာလို့ရမည်။ဒါကို
ပါးပါးက သိရက်သားနဲ့ ဘာလို့ အသည်း
အသန်ဖြစ်နေတာပါလိမ့်။

"Daddy က ဒီနေ့ပြန်လာမယ်လို့ပြောပြီး
အခုထိပြန်မရောက်သေးဘူးလေ၊သမီးဆီကိုရော ဖုန်းဆက်လား"

"ဆက်တယ် ပါးပါးရဲ့ ခဏလောက််ဆို
ပြန်ရောက်မယ်ထင်တာပဲ"

ဒီလိုနဲ့ညမိုးချုပ်တဲ့အထိ ရှောင်းကျန့်ပြန်မရောက်လာသေးတော့ ရိပေါ် ရင်တွေ
တုန်နေရပြီး။မနေနိုင်တော့တဲ့အဆုံး ရှောင်းကျန့်ဆီကိုဖုန်းဆက်လိုက်သည်။
လူကြီးမင်း ခေါ် ဆိုသော တယ်လီဖုန်းမှာ
စက်ပိတ်ထားပါသည်ဆိုတာကြောင့်
သူ့မှာ ဂနာမငြိမ်တော့ပေ။

ရိပေါ် ခြေဖျားလက်ဖျားတွေ တဖြေးဖြေးနဲ့
အေးစက်လာသည်။မဟုတ်မှ သူတစ်ခုခု
ဖြစ်နေတာများလား။

ထိုအချိန်ဝမ်ဝမ်ဖုန်းမြည်လာတော့
ဝမ်းသားအားရနဲ့ ရိပေါ် မျှော်လင့်ချက်
ရောင်နီလေး အနည်းငယ်ပြန်သမ်းလာသည်။

". ........"

"ဟုတ်ကဲ့ နှင်းဆီပန်းလား"

". ......."

"လူမှားနေတယ်ထင်တယ်နော"

". ........."

"ဒါဆိုလည်း လာခဲ့လေ"

ဝမ်ဝမ်ဖုန်းချလိုက်တာနဲ့ ရိပေါ်တစ်စက္ကန့်မှတောင်မစောင့်နိုင်ပဲ မေးလာတော့သည်။

"ဘာတဲ့လဲ"

"တစ်ယောက်ယောက်က နှင်းဆီပန်းစီးလာပို့ခိုင်းလို့တဲ့ Daddyများလား"

"တီးတောင်...တီးတောင်"

ရိပေါ် လည်း ပို့သူကို သိချင်တာနဲ့
အိမ်ထဲကနေ မြန်မြန်ပြေးထွက်လာခဲ့သည်။တံခါးဖွင့်ကာနှင်းဆီးပန်းဆီးကိုင်ထားတဲ့ ကောင်လေးနား ရိပေါ် မြန်မြန် လျှောက်လာခဲ့သည်။

"ဘယ်သူပို့ခိုင်းတာလဲ"

"ကောင်မလေးတစ်ယောက်ပါ ကျွန်တော့်ကိုခွင့်ပြုပါအုံး၊ဒါနဲ့ နှင်းဆီပန်းက 108ပွင့်ပါ"

Daddy  Pa Pa Xiao Wang Wang ✔✔Dove le storie prendono vita. Scoprilo ora