part (11)

4.2K 353 32
                                    

Unicode

"ကျန့်လေး တီလေးတောင်းပန်ပါတယ်၊
တကယ်တော...."

"တီးတောင်.....တီးတောင်..."

ဘဲလ်တီးသံကြောင့် ရှောင်းရန်ချန်းသည်
စကားဆက်မပြောတော့ပဲ စိတ်မကောင်းတဲ့မျက်နှာလေးနဲ့ အပြင်ထွက်သွားလေသည်။

"အမေ့....!"

အရှေ့ကအသံကြောင့် အခန်းထဲကနေ
ရှောင်းကျန့်ပြေးထွက်လာခဲ့သည်။

ရှောင်းရန်ချန်းကို ရဲ၃ယောက်က
သေနတ်နဲ့ချိန်ပြီးအရာရှိတစ်ယောက်ရယ် ၊အရပ်ထောင်ထောင်မောင်းမောင်းနဲ့နိုင်ငံခြားသားကတော့ စာရွက်စာတမ်းတွေကိုင်ပြီး စကားစမြည်ပြောနေကြသည်။

"တောင်းပန်ပါတယ်ရှင်း ကျွန်မကို
မဖမ်းကြပါနဲ့"

ရှောင်းရန်ချန်းသည် ငိုငိုယိုယိုနဲ့ လက်အုပ်လေးချီပြီး အော်ဟစ်တောင်းပန်နေသည်။

"တီလေး.."

"ကျန့်ကျန့်..အဟင့် တီလေး တောင်းပန်ပါတယ်"

အရာရှိနဲ့ ထိုနိုင်ငံခြားသည် သူတို့ဒီအိမ်က
ရောက်လာတဲ့အကြောင်းအရင်းကို
ရှောင်းကျန့်ကို English လိုရှင်းပြနေသည်။
သူတို့ပြောတဲ့စကားတွေကို များသောအားဖြင့်ရှောင်းကျန့်နားလည်တာမို့ အဒေါ်
ဖြစ်သူကို အံ့ဩကာ လှည့်ကြည့်လိုက်သည်။

"တကယ်တော့ တီလေးတွဲနေတဲ့ကောင်က
သူ့ဆီငွေတွေချေးထားပြီး ဒေါ် လေးနာမည်သုံးခဲ့တာ ကျန့်ကျန့်
အဟင့် ဒေါ် လေး ဘယ်လိုလုပ်ရမလဲ"

"တောင်းပန်ပါတယ်ရှင် ကျွန်မတကယ်ပြောနေတာပါ ၊သူ့ကိုကျွန်မတကယ်မချေးခိုင်းပါဘူး အဟင့်... ဟင့်"

နိုင်ငံခြားသားကောင်က ရှောင်းကျန့်ကို
စာချုပ်ပြပြီး သူ့ဆီ ငွေလာချေးခဲ့တဲ့အကြောင်းကိုရှင်းပြနေသည်။

ရှောင်းရန်ချန်းသာ သူ့အကြွေးကိုမဆပ်ရင်
ထောင်ထဲထည့်မယ်လို့ နိုင်ငံခြားသား
ဆိုတော့ အဒေါ် ဖြစ်သူကို ရှောင်းကျန့်သနားသွားရသည်။

နောက်ဆုံးတော့ ရှောင်းကျန့်လည်း
ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခု ချ
လိုက်တော့သည်။

Daddy  Pa Pa Xiao Wang Wang ✔✔Where stories live. Discover now