Chapter (18)

4.4K 389 7
                                    

Unicode

သူ့ရင်ခွင်ထဲမှာ ငိုလို့ဝတော့ ရိပေါ် က
အသာလေးရုန်းထွက်ပြီး မျက်ရည်တွေကို
ခပ်ကြမ်းကြမ်းလေးသုတ်လိုက်သည်။

"တကယ်ပဲ ကိုကိုက နိုင်ငံခြားကို လိုက်သွားမှာလား"

အခြေအနေကို သဘောပေါက်သွားကာ
ရှောင်းကျန့်ရင်ထဲအပူလုံးကြီးက
အခုမှကျသွားတော့သည်။

"ဝက်ပေါက်လေးရယ် ကိုကိုက ဘာများလဲလို့၊ဝက်ပေါက်လေးနဲ့ဝေးရာ ဘယ်တော့မှ
ထွက်မသွားဘူး အဲ့ဒါကိုယုံနော"

ရှောင်းကျန့်ဆိုရင်း ပါးပြင်နုနုထက်က
မျက်ရည်တွေကို အသာယာလေးသုတ်
ပေးလိုက်ပြီး နဖူးပေါ် အနမ်းတစ်ပွင့်
ခြွေလိုက်သည်။

"ကဲ..ငို့လို့ဝရင် စောစောအိပ်တော့"

ရိပေါ် ကို ပွေ့ချီလိုက်ပြီး ကုတင်နား
လျှောက်လာကာ အိပ်ရာပေါ်
ရှောင်းကျန့်အသာယာလေး
ချပေးလိုက်သည်။

"မိုးရွာနေတယ် စောင်ခြုံထား"

ရိပေါ် က ရှောင်းကျန့်ထွက်သွားမယ်အထင်နဲ့ အကျီ်ကို ပြန်ဆွဲထား
လိုက်သည်။

"တကယ်ပဲ ကျွန်တော့်ကို တစ်ယောက်တည်း
မထားခဲ့ဘူးဆိုတာ
သေချာလား"

"ဝက်ပေါက်လေးရယ် ကိုကိုမလိမ်ပါဘူး
အိပ်တော့နော မနက်ဖြန် စာမေးပွဲလည်းရှိတယ်"

"ဟင်အင်း မအိပ်ရဲဘူး၊ ကိုကိုထွက်သွား
ရင် ဘယ်လိုလုပ်မလဲ "

"မအိပ်ရဲမယ့်အတူတူ အဓိပ်ပါယျရှိတဲ့ဟာတဈခုခုလုပျမလား"

ရှောင်းကျန့်ရဲ့စကားကြောင့် ရိပေါ် ငြိမ်ကျသွားသည်။

"ပါး...တူလေးကို မတွေ့မိပါလား"

"သူ့ညီနဲ့အတူ သွားအိပ်တာဖြစ်မှာပေါ့"

"ဘာလို့လဲ ဒီမှာ အိပ်လို့လည်းရသားနဲ့"

"ကလေးကိစ္စထဲ ဝင်မပါနဲ့ သူတို့စိတ်ချမ်းသာသလို ရှိပါစေ"

အဖေဖြစ်သူအခန်းကနေထွက်လာပြီး
ရှောင်းရန်ချန် တက်ခေါက်လိုက်သည်။
အပြင်မှာ မိုးတွေရွာတော့ သူမလည်း
ထီးယူပြီး ဝမ်အိမ်တော်ဘက်
ကူးလာခဲ့သည်။

Daddy  Pa Pa Xiao Wang Wang ✔✔Where stories live. Discover now