part (36)

4.2K 275 12
                                    

Unicode

"အလှလေး တစ်ယောက်တည်းလား"

ဇာတ်လမ်းကတော့ စပြီး။

သင်တန်းကအပြန် သူရှေ့မှာ ပိတ်ရပ်လာတဲ့ လူကြောင့် ဝမ်ဝမ်မျက်မှောင်ကြုတ်သွားလေသည်။မျက်လုံးမှေးမှေးနဲ့
ထိုလူကတော့ သူ့ကိုသွားရည်တမြမြနဲ့
မျက်လုံးကျွတ်ကျမတတ်ပြုံးကြည့်လာ
သည်။

သေခါနီး ရိက္ခာယူနေတာလားတော့
မသိပေ။ထိုလူ အဲ့လိုကြည့်တာကို
သူမ မနှစ်မြို့တာမို့ သူ့ကို လျစ်လျူရှု
ထွက်သွားဖို့လုပ်သည်။ရုတ်တရက်ပဲ
ဝမ်ဝမ်လက်တစ်ဖက် အဆွဲခံလိုက်ရသည်။

"ဘာလုပ်တာလဲ ဘာမှမဖြစ်ချင်ရင်
လက်ကိုလွတ်လိုက်"

"အဟွန်း စွာလှချည်းလား ၊ ကိုယ်က
ဒါမျိုးမှ ကြိုက်တာ။မင်းလေးက
ချစ်စရာကောင်းသလောက် စကား
ပြောတဲ့နေရာမှာလည်း အတော်လေး
ချစ်စရာကောင်းတယ်"

ထိုလူရဲ့ အသံကိုကြားရတာ အော်ကလီဆန်ချင်စရာကောင်းတယ်လို့ ဝမ်ဝမ်တွေးမိသည်။စကားကို အပိုပါထည့်ပြောရင် ကုလားသိုက် ကျားဝင်ကိုက်
တာထက် ဒီလူကြီးရဲ့အသံက သူမအတွက်
တော့ သိပ်ကိုဆူညံလွန်းပါသည်။

"ဒါရော ကြိုက်လား"

"ခွပ်"

"အစ်ကိုရှန်း"

ရုတ်တရက်ထိုလူကြီးရဲ့
နှာရိုးတည့်တည့်ကို အားနဲ့ထိုးထည့်လိုက်တဲ့ လင်းယွီရှန်းကိုမြင်တော့ ဝမ်ဝမ်မျက်လုံးအစုံပြူးကျယ်သွားရသည်။
သူက လေလိုမြန်ဆန်တယ်လူတစ်ယောက်ပါလား။ဝမ်ဝမ်က ဒီလူကြီးလက်က
လွတ်အောင် ဘယ်လိုလုပ်ရမလဲလို့အတွေးနယ်ချဲ့မိနေတုန်း သူရောက်လာတာတောင်မသိလိုက်ပေ။

"သူဘယ်နေရာတွေ ထိလိုက်သေးလဲ"

"ဟမ်"

ကလေးလေးတစ်ယောက်လို အပြစ်ကင်းစင်ပြီးဝိုင်းစက်မျက်ဝန်းလေးနဲ့ သူ့ကို
သူမလေးမော့ကြည့်လာတော့ ရင်ထဲ
မြတ်နိုးခြင်းတွေ ပိုတိုးလာရသည်။

"ဆံပင်ကို သူထိလိုက်သေးလား၊ မျက်နှာ၊
လက် "

သူမေးသာမေးနေရတာ ၊သူမလေးအဖြေကို မစောင့်နိုင်တော့ပဲ ရှေ့ကလူရဲ့
ရင်ဘတ်ကို လင်းယွီရှန်း အားနဲ့ ကန်ထည့်လိုက်သည်။ ဒါနဲ့တေ လင်းယွီရှန်း မကျေနပ်သေး ထိုလူမျက်နှာကို တစ်ချက်
ဆော်လိုက်သေးသည်။

Daddy  Pa Pa Xiao Wang Wang ✔✔Where stories live. Discover now