part (20)

4.5K 387 27
                                    

Unicode

ဆေးရုံကိုရောက်ရောက်ချင်း ဆရာဝန်ဆီကကြားလိုက်ရတဲ့ စကားကြောင့် ရိပေါ်
ခဏကြောင်သွားသည်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ။

သမီးလေးမှာ ဆာကိုးမားအရိုးကင်ဆာ
ဖြစ်နေပြီးတဲ့။

သူဘာလို့မသိခဲ့ရတာလဲ ၊ဖခင်တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို ခွင့်မလွတ်နိုင်အောင်ဖြစ်နေရသည်။

"သမီးလေးက နာကျင်မှုကို တော်တော်သည်းခံနိုင်တယ်ပြောရမယ်။ ညသန်းခေါင်းမှာဆို အရိုးအဆစ်တွေက မခံမရပ်နိုင်အောင်နာကျင်ကိုက်ခဲနေတာ။လူကြီးတွေတောင် အဲ့ဒီကိုက်ခဲနေတဲ့ ဒဏ်ကိုသည်းမခံနိုင်ကြဘူး။ဒါပေမဲ့ တစ်ခုပြောရအုံးမယ် အကိုက်အခဲပျောက်ဆေးတော့ အရမ်းကြီးမတိုက်ပါနဲ့ကလေးအတွက် အန္တရယ်ရှိတယ်"

အကိုက်အခဲပျောက်ဆေးလား။

"ကလေးသက်သာအောင်လို့Ibuprofen သို့မဟုတ် Acetaminophen
ဆေးတွေကို ကျွန်တော့်အနေနဲ့
မတိုက်စေချင်ဘူးဗျ"

နှာခေါင်းပိုက်တန်းလန်းနဲ့
ဆေးရုံကုတင်ပေါ် မှာ အိပ်ပျော်နေတဲ့
သမီးလေးကို အံ့သြမျက်ဝန်းလေးနဲ့
ရိပေါ် လှည့်ကြည့်လိုက်သည်။

"ကျွန်တော်တို့နေ့တိုင်းတော့ စစ်ဆေးမှာပါ၊
အခုအကြမ်းဖျင်းစစ်ရေးချက်အရတော့ ကလေးရဲ့ လက္ခဏာက ဆာကိုးမားအရိုးကင်ဆာ ဆိုတာ သေချာသလောက်ဖြစ်နေပါပြီး။ကျွန်တော်တို့ဘက်ကလည်း တတ်နိုင်သလောက်ကြိုးစားပေးပါ့မယ်"

ရိပေါ် လည်း စိတ်အခြေအနေမကောင်းတော့တဲ့ကြားက မနည်းအာရုံစိုက်ပြီး
နားထောင်နေမိသည်။ ဆရာဝန်ကို
အားကိုးပါရစေဆိုတဲ့အကြည့်နဲ့
ခပ်ဖွဖွပြုံးကြည့်လိုက်မိသည်။

အခန်းကနေ ဆရာဝန် ထွက်သွားတော့
အိမ်ကို ရိပေါ် ဖုန်းဆက်လိုက်သည်။
ဝမ်ဝမ်အခန်းထဲမှာ အကိုက်အခဲ ပျောက်ဆေးရှိမရှိ အစေခံတွေကို ရှာခိုင်းပြီး
တွေ့ရင်သူ့ကိုအကြောင်းပြန်ဖို့ပါမှာလိုက်သည်။

*
*
*

သူ့ကို လူတစ်ယောက်က တွေ့ဖို့စောင့်နေတယ်လို့ နပ့်စ်မတစ်ယောက်က လာပြောတော့ ရှောင်းကျန့်သိချင်သွားသည်။

Daddy  Pa Pa Xiao Wang Wang ✔✔Where stories live. Discover now