part (21)

4.5K 392 38
                                    

Unicode

"အား!...အဟင့် ဆေး၊ ဆေးပေး ၊အား!"

မျက်လုံးမဖွင့်သေးပဲ နာကျင်မှုကြောင့်
ကုန်းရုန်းအော်နေတဲ့သမီးလေးအသံက
အိပ်ပျော်နေတဲ့ရိပေါ်ကို
လန့်နိုးသွားစေသည်။

သန်းခေါင်းအချိန်မို့ သမီးလေးရဲ့အသံက
ပိုကျယ်တယ်လို့ထင်ရသည်။ရိပေါ်
ကမန်းကတမ်းထရပ်လိုက်ပြီး ကုတင်နားလျှောက်လာကာ သမီးလေးရဲ့ လက်ဖဝါးကိုဆုပ်ကိုင်လိုက်သည်။

"ပါးပါး ဆေးယူပေးပါ ၊သမီးခြေထောက်တွေကိုက်လို့သေတော့မယ် အီး..ဟီး..ဟီး"

"ဝမ်ဝမ် ပါးပါးတောင်းပန်ပါတယ် သမီးသာအဲ့ဆေးတွေဆက်သောက်နေရင်
တစ်ခုခုဖြစ်လိမ့်မယ်"

"တောင်းပန်ပါတယ် အား....ပါးပါး
သမီတောင်းပန်ပါတယ် ၊ ပါးပါး အဟင့်
ဟင့်"

"ဝမ်ဝမ်"

နာကျင်မှုကြောင့် အော်ဟစ်နေတဲ့သမီးလေကိုကြည့်ပြီး သနားလွန်းလို့ ငိုချင်တဲ့စိတ်ကို
ရိပေါ် မနည်းထိန်းထားရသည်။

"အား!....အား!...အီးဟီး..ဟီး ဆေးပေးပါ"

"ဝမ်ဝမ် ပါးပါးတောင်းပန်ပါတယ် "

တိမ်ဝင်သွားသောအသံနဲ့အတူ ထိန်းထားတဲ့ကြားက လိမ့်ဆင်းလာတဲ့မျက်ရည်စီးကြောင်းတွေက ရိပေါ် ကိုငိုချလိုက်ဖို့ ဆွဲ
ခေါ် နေသလိုပေ။

ထိုအချိန်အခန်းထဲကို ဆရာဝန်နဲ့ နပ့်စ်မလေးနှစ်ယောက် ရောက်လာသည်။
မျက်ရည်တွေကို ရိပေါ် အမြန်သုတ်
လိုက်ပြီး နှေးကွေးသောခြေလှမ်းတွေနဲ့
ရှေ့ကိုလှမ်းလာသည်။

"ဒေါက်တာ သမီးလေးကို ကူညီပေးပါ"

"နာကျင်ကိုက်ခဲတဲ့ဒဏ်လျော့သွားအောင်လို့ ဆေးကြီးသွင်းပေးလိုက်မယ်"

ဒေါက်တာဇီကို ခေါင်းငြိမ့်ပြပြီး သည်းသည်းမည်းမည်း အော်ဟစ်ငိုနေတဲ့
သမီးလေးကို ရိပေါ် လှည့်ကြည့်လိုက်သည်။

ကိစ္စတွေအတော်ရှင်းသွားတာနဲ့ ရှောင်းကျန့်သည်ဆေးရုံကနေ ထွက်လာပြီး
ပန်းခြံကိုဖြတ်ကာ ၃မိနစ်လောက်ဆက်လျှောက်လာတော့ကလေးဆေးရုံကို ရောက်လာသည်။

Daddy  Pa Pa Xiao Wang Wang ✔✔Where stories live. Discover now