Chapter (11) uni/zg

4.4K 415 4
                                    

Unicode

ပထမရက်....

"ရေသောက်ချင်တယ်"

ရိပေါ် ကဖုန်းကို ဆိုဖာပေါ် ချလိုက်ပြီး
ရှောင်းကျန့်အတွက် ရေယူပေးလိုက်
သည်။

"မင်းတိုက်ရင်ပိုကောင်းတာပေါ့"

"ထိခိုက်တာ ခြေထောက်တစ်ဖက်တည်းပဲ
ဘာလို့ ဒုက္ခိတကြီးဖြစ်သွားတာလဲ"

ရိပေါ် ဆိုရင်း မကျေမနပ်နဲ့ရေခွက်ကို
ရှောင်ကျန့် နှုတ်ခမ်းနားတေ့ပြီး သောက်စေလိုက်သည်။

"စောင်ခြုံပေးပါလား"

သက်ပြင်းလေးချပြီး စောင်ကို ရင်ဘတ်နား ရိပေါ် ဆွဲတင်ပေးတော့ ရှောင်းကျန့်ပြုံးလိုက်သည်။

"ကျေးဇူးပဲ ဝက်ပေါက်လေး"

ဒိုင်းခနဲ မျက်စောင်းတစ်ချက်လွင့်စင်လာတော့ ရှောင်းကျန့်ထပ်ပြုံးမိပြန်
သည်။တကယ်တော့ သူ့ကို စေတနာပါလို့
လုပ်ပေးတာမဟုတ်ပဲ အဖိုးကြောင့်
လုပ်ပေးတယ်ဆို ရှောင်းကျန့်လည်း
သိသည်။

ဒုတိယရက်...

"ဝက်ပေါက်လေး ရေချိူးချင်တယ်"

ဂိမ်းဆော့မပြတ်တဲ့ ရိပေါ် ကြောင့်
သူ့စကားကိုမကြားဘူးအထင်နဲ့
နောက်ထပ်တစ်ခါ ရှောင်းကျန့်
ဆိုလိုက်သည်။

"ဝက်ပေါက်လေး ကိုကိုရေချိုးချင်တယ်၊
ကောင်းပြီးလေ ဘိုးဘိုးကိုပဲ ခေါ် လိုက်တော့မယ်"

"ဘာစိတ်ကူးပေါက်ပြီးရေချိုးချင်တာလဲ
ကိုယ့်ဘာသာချိုးလို့ရရဲ့သားနဲ့"

"ခြေထောက်တစ်ဖက်နဲ့ ချိုးရတာအဆင်
မပြေဘူးကွ၊ ရေမချိုးပေးစေချင်ရင်
ရေပတ်တိုက်ပေးပါလား"

နောက်ဆုံးတော့လည်း ရိပေါ် အောက်ထပ်ဆင်းပြီး ခဏကြာတော့ ရေဇလုံတစ်လုံးပါယူလာသည်။ ဗီဒိုထဲက ပုဝါတစ်ထည်ယူပြီး ရေထဲနစ်ကာ သုံးလေးခါ ညှစ်လိုက်သည်။

"ကိုကို အကျီ်ချွတ်လို့မရဘူး"

ရှောင်းကျန့်စကားကြောင့်စိတ်တိုတိုနဲ့ပဲ အကျီ်ကို ရိပေါ် ဆွဲချွတ်ပေးလိုက်သည်။သူ့ကိုလက်ထိုးပေးလာတဲ့လူကြောင့် ရိပေါ် အကြမ်းပတမ်းယူလိုက်ပြီး ရေညှစ်ထားတဲ့အဝတ်နဲ့ သုတ်ပေးလိုက်သည်။

Daddy  Pa Pa Xiao Wang Wang ✔✔Where stories live. Discover now