22.Final

6.8K 444 34
                                    

Unicode

*ကိုကိုရယ် ကျွန်တော်အရမ်းခံစားရတယ်
တကယ်တော့ ကျွန်တော်က လုရင်းဒါ
လောက် အရေးမပါခဲ့ဘူးပဲ*

ဆေးရုံကနေပြန်လာကတည်းက
နေမကောင်းဖြစ်တဲ့ကြားကနေ
ရိပေါ် ခြေဦးတည့်ရာ လျှောက်သွား
နေမိသည်။

*မင်းနဲ့ငါ့တူက ဘယ်လိုမှ မဖြစ်နိုင်ဘူး*

*အရင်တုန်းက ပြိုင်ဆိုင်မှုကြောင့်
သူ့ကိုယ်သူအပြစ်ရှိတယ်ခံစားရလို့
မင်းအပေါ်ကောင်းပေးတာ*

*သူက လုရင်းဒါနဲ့လည်း အချင်းချင်း
ကတိပေးခဲ့ကြတယ်*

ရှောင်းကျန့်ဆီလုရင်းဒါ စာပို့တဲ့အချိန်တုန်းက သူကိုယ်တိုင်ဖတ်မိတာမို့
ရိပေါ် ယုံရမှာလား ၊မယုံရဘူးလား။
ညတုန်းက တစ်ညလုံး စောင့်နေမိတဲ့
ကျွန်တော်က အရူးတစ်ယောက်ထက်
မပိုဘူးဆိုတာကို နားလည်လာခဲ့သည်။

ဒီအချိန်မှာ ကိုကိုသာဖြေရှင်းချက်လေး
လာပေးခဲ့ရင် ကျွန်တော် ဝမ်းသာမိမှာပါ။

"ဘယ်လို သူဘယ်ထွက်သွားလဲ သိလား"

". ................"

"ညတုန်းက...."

ချုံလုရဲ့စကားကြောင့် ညတုန်းက
ရိပေါ် နဲ့ချိန်းထားတာကို ရှောင်းကျန့်
သတိရသွားသည်။

". ............."

"နေမကောင်းဖြစ်ရက်နဲ့ ဘယ်ထွက်သွားတာလဲ၊ ငါလည်း လိုက်ရှာ
ကြည့်မယ် မင်းတို့လည်း တွေ့ရင်
ငါ့ကိုအကြောင်းကြားအုံး"

ရိပေါ် သူ့ကိုမနက်၁နာရီထိစောင့်နေခဲ့တယ်ဆိုလို့ ရှောင်းကျန့် ကိုယ့်ကိုယ်ကို အပြစ်တွေတင်ကာ နောင်တရလို့မဆုံးပေ။အဒေါ်
ဖြစ်သူရှောင်းရန်ချန်း လှေကားပေါ် က
ပြုတ်ကျတယ်ဆိုလို့ သူ့မှာ ချက်ချင်းပဲ
ဆေးရုံကိုပြေးလာခဲ့ရသည်။

"ဝက်ပေါက်လေးရယ် ကိုကိုတောင်းပန်ပါတယ် ၊မင်းကျေနပ်တဲ့အထိ ကိုကို့ကို
အပြစ်ပေးလို့ရပါတယ်။ကျေးဇူးပြုပြီးအဝေးကိုတော့ ထွက်မသွားပါနဲ့"

ဆေးရုံရဲ့ရေချိုးခန်းထဲမှာ ရှောင်းကျန့်အားရပါးရငိုပြီး မျက်နှာသစ်ကာ
အပြင်ကို ပြန်ထွက်လာခဲ့သည်။

Daddy  Pa Pa Xiao Wang Wang ✔✔Where stories live. Discover now