Intro

20.5K 682 4
                                    

ဟိုးရှေးရှေးတုန်းကပေါ့ .....

အရမ်းကိုလှပပြီး စိတ်သဘောထားနူးညံ့တဲ့ Cindrella လို့ခေါ်တဲ့
မိန်းမပျိုလေးတစ်ဦးရှိသတဲ့....

Cindrella လေးရဲ့ မိဘနှစ်ပါးလုံးဟာ ဆုံးပါးသွားပြီဖြစ်ပြီး မိထွေး နဲ့အတူ မိထွေးရဲ့ သမီးနှစ်ယောက်နဲ့ စံအိမ်ကြီးထဲမှာနေခဲ့ရတယ်....

မိထွေးနဲ့ သူ့သမီးနှစ်ယောက်က Cindrella လေးကို အိမ်အလုပ်တွေသာလုပ်ခိုင်းပြီး‌ ကောင်းကောင်းမွန်မွန် မဆက်ဆံပဲ နှိပ်စက်ကြတယ် ၊၊

စင်ဒရဲလား လေးမှာ လှပတဲ့အဝတ်အစားလဲမရှိရှာဘူး ၊၊

ပြီးတော့ မိုးတွင်းဆို မိုးယိုတတ်တဲ့ စံအိမ်ကြီးရဲ့
ထပ်ခိုးခန်းလေးမှာပဲ နေရတယ် ၊၊
စံအိမ်ထဲမှာတင် ဝေယျာဝစ္စအကုန်လုပ်ရတဲ့အပြင် ခြံထဲက အိမ်မွေး တိရိစ္ဆာန်တွေကိုပါ အစာကျွေးမွေး စောင့်ရှောက်ရတဲ့အထိ
Cindrella လေးကို အခိုင်းအစေသဖွယ်နှိပ်စက်ခဲ့ကြတာပေါ့

တစ်နေ့မှာတော့ လက်ရုံးရေ နှလုံးရေနဲ့ပြည့်စုံပြီး ပျိုမဒီတွေကြား အင်မတန်ရေပန်းစားလှတဲ့ အိမ်ရှေ့စံမင်းသားလေးရဲ့ ကြင်ယာတော်ရွေးပွဲကို နန်းတော်ထဲမှာကျင်းပဖို့ ဖြစ်လာခဲ့တယ် ၊၊ တိုင်းပြည်ထဲက ပျိုကညာတွေအားလုံးတတ်ရောက်နိုင်အောင် ဖိတ်ကြားခဲ့တာဖြစ်ပြီး လှပတဲ့ Cindrella လေးကလဲ
ရင်ခုန်စိတ်လှုပ်ရှားစွာ ကပွဲကိုတက်ရောက်ချင်ခဲ့တယ် ၊၊

ဒါပေမဲ့ မိထွေးကြီးနဲ့ သူ့သမီး Anastasia ဟာ Cindrella လေး ကပွဲကိုမတတ်ရောက်နိုင်အောင် အမျိုးမျိုးကောက်ကျစ်ခဲ့တယ်၊၊
စင်ဒရဲလားလေးရဲ့ ဂါဝန်လှလှလေးကိုစုတ်ဖြဲပြီး အိမ်အလုပ်တွေပဲ ဖိခိုင်းတော့တာပေါ့ ၊၊ စင်ဒရဲလားလေးဟာ တအားဝမ်းနည်းပြီး ငွေကြွေးနေဖို့ပဲ တတ်နိုင်ခဲ့တာပေါ့နော် ၊၊

" အို မင်းသားလေးရယ် ရှင့်ကိုကျွန်မတွေ့ချင်လိုက်တာ "

ဆိုပြီး ရေရွတ်ရင်း ဝမ်းပမ်းတနည်းငိုကြွေးနေခဲ့တဲ့ Cindrella လေးရဲ့ဆုတောင်းကို ဖြည့်ဆီးဖို့ Fairy God Mother ပေါ်လာတယ် ၊၊ ပြီးတော့ စင်ဒရဲလားလေးကို အလှဆုံးအဝတ်အစားလေးတွေနဲ့ ကြင်ယာတော်ရွေးပွဲကိုတတ်ရောက်နိုင်ဖို့ ကူညီပေးခဲ့တယ် ၊၊

Story Of Anastasia Where stories live. Discover now