Episode^21^

6.7K 654 63
                                    

ဘောလုံးနဲ့ ပါကေးကြမ်းပြင်ရိုက်ခတ်သံက တစ်ဘမ်းဘမ်းမြည်နေတယ်။ သူ့ရဲ့အရှေ့တည့်တည့်က အမဲဖျက်မယ့်သားရဲတစ်ကောင်လို မျက်လုံးစူးစူး တွေနဲ့
ဝမ်ရိပေါ်က စိတ်နဲ့လူနဲ့ မကပ်သလို သိပ်အလိုကျပုံလဲမရ... ။ အညိုရောင်ဆံပင်တွေကြားက ချွေးစက်တွေက နားထင်နားတစ်ဝိုက်ထိ စီးကျနေကာ ရှောင်ကျန့်ကိုရော ရှောင်ကျန့်ပုတ်နေတဲ့ဘောလုံးကိုပါ သူဟာ အာရုံစူးစိုက်စွာ ကြည့်နေပါတယ်...။
ရှောင်ကျန့် ၀တ်ထားတဲ့ အင်္ကျီအရောင်နဲ့ ကွဲပြားတဲ့ အရောင်မျိုးကို ၀တ်ထားတဲ့ ၀မ်ရိပေါ်က Business major ရဲ့ Basketball အသင်းခေါင်းဆောင်ဖြစ်ပြီး ရှောင်ကျန့်တို့ Architecture major ရဲ့ ပြိုင်ဘက်အသင်းအဖြစ် တစ်ဖက် တစ်ချက်စီမှာရှိနေတယ်...

ရှောင်ကျန့်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ရှောင်ကျန့်.. Basketball မဆော့ဖြစ်တာ ဘယ်လောက်ကြာပြီလဲ...
အင်း ၀မ်ရိပေါ်နဲ့ လမ်းခွဲပြီးကတည်းကပဲဆိုပါတော့... ။ ကြားထဲမှာလဲ Basketball ကွင်းဘက်ခြေဦးတောင်မလှည့်ဖြစ်တဲ့ ရှောင်ကျန့်က အခုလေ့ကျင့်မှုတောင်မရှိပဲ ကွင်းထဲဝင်လိုက်ရတယ်...
တော်သေးလို့ပေါ့ ဒါက အစမ်းပွဲပဲရှိနေသေးလို့...။

• လွန်ခဲ့တဲ့ ၁နာရီက ~

" ရှောင်ကျန့်... ပုံနှိပ်စက်ကြီးရောက်နေတယ် "

" ဟမ် .. ဘာ "

ရှောင်ကျန့်က လက်ထဲက ရောက်တတ်ရာရာဆွဲနေတဲ့ ခဲတံကြီးကိုချလို့ နားထဲက earphones ကိုချွတ်ကာ နားကြားများမှားသလားလို့ အူကြောင်ကြောင်ပြန်မေးလာတယ်...

" မင်းပုံနှိပ်စက်ကြီးရောက်နေတယ်လို့ ခဏနေ ဒီအတန်းထဲဝင်မယ်ပြောတယ် "

ရှောင်ကျန့်မျက်နှာက ၇နှစ်လောက်ပိုအိုစာသွားပြီး ခေါင်းကို တဗျင်းဗျင်းကုတ်ပါလေရော... ဒါပေမယ့် ခပ်ကြာကြာ စိတ်ညစ်ချိန်တောင်မရလိုက်ဘူး မျက်မှန်ကြီးကို နှာခေါင်းတစ်ဝက်ထိချလို့ အခန်းထဲဝင်လာတဲ့ နာမည်ပြောင် ပုံနှိပ်စက်ကြီး (ခေါ်) ဇီဇာကြောင်လွန်းတဲ့ ဆရာလူပျိုကြီးက ၀င်လာပါတော့တယ်...

Story Of Anastasia Where stories live. Discover now