Can't take my eyes off of Bad🌹

5K 662 151
                                    

ဝမ်ရိပေါ်ရောက်လာတော့ ရှောင်ကျန့်နားက ဧည့်သည်တွေကအလိုက်သိစွာ ရှောင်ပေးကြတယ်။ ခပ်ပြုံးပြုံးလေးလုပ်ကာစကားပြောနေတဲ့ ရှောင်ကျန့်ကလဲ တစ်ဖက်က ရိပေါ်လာတာကို
တွေ့လိုက်ရတော့ ပြုံးနေတာလေးရပ်သွားပြီး နှုတ်ခမ်းလေးကိုနဂိုအတိုင်း ပုံ့ပုံ့စုစုအနေအထားလေးနဲ့ အာရုံမစိုက်ချင်သလို
လုပ်နေတာကြောင့် တန်ဖိုးကြီးအရက်နဲ့ရေခဲမျှောထားတဲ့ခွက်ကို ကိုင်ထားတဲ့ ၀မ်ရိပေါ်လက်တွေက တင်းတောင့်ကုန်တယ်။
ညကကိစ္စကို သူမပြောလဲ အနည်းငယ်စိတ်ခုနေလို့ဆိုတာရိပေါ် နားလည်လိုက်ပါတော့တယ်။

ဒါက ပန်းဝတ်ရည်ကိုဝအောင်မစုပ်ရလို့ မာန်ဖီချင်နေတဲ့ ပျားပုတုံးလေးလိုပဲ...
ဘေးထွက်ဆိုးကျိုးက ၀မ်သခင်လေးရဲ့ ရင်ဘတ်ထဲက တစ်စုံတစ်ခုကို စူးအောင့်လာစေတယ်...
အရက်ရဲ့ ရီဝေေ၀တန်ခိုးရယ် သူ့ကိုပြုစားနေတဲ့
ကဝေထီးလေးရဲ့ လစ်လျူရှုမှုရယ်ကြောင့်
ရိပေါ်ရဲ့ ရူးသွပ်ခြင်း level က တရိပ်ရိပ်တိုးတယ်။

ရှောင်ကျန့်ရဲ့နှုတ်ခမ်းတွေက ပါးတယ်ထင်ရပေမယ့်
စုပုံပုံလေးပါ...။ သူအလိုမကျနေရင် ပိုသိသာတယ် ပြီးတော့ ရွဲရွဲလေးနဲ့ စိုလဲ့နေသေးတယ်.... ။ဒါကို သတိထားမိတဲ့သူက အရင်တုန်းက အသဲတယားယားနဲ့ ဆွဲစုပ်ခဲ့သေးတာ

Idol ကောင်မလေးတွေ ပွဲတက် အမျိုးသမီးတွေကဒီပွဲရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့ ၀မ်ရိပေါ်ကိုမသိမသာရော ပေါ်တင်ရော အထာတွေပေးပြီးလိုက်ကြည့်နေကြပေမယ့် ၀မ်သခင်လေးကတော့ သူ့ပုံစံနဲ့သူ တည်တံ့နေတုန်းပါပဲ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Idol ကောင်မလေးတွေ ပွဲတက် အမျိုးသမီးတွေကဒီပွဲရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့ ၀မ်ရိပေါ်ကို
မသိမသာရော ပေါ်တင်ရော အထာတွေပေးပြီးလိုက်ကြည့်နေကြပေမယ့် ၀မ်သခင်လေးကတော့ သူ့ပုံစံနဲ့သူ တည်တံ့နေတုန်းပါပဲ... ။ ပြီးတော့ သူက ခပ်တည်တည်ပဲ ရှောင်ကျန့်နားမှာ ၀င်ထိုင်တယ်။
ရှောင်ကျန့်ကတော့ သူ့ရှန်ပိန်ကိုပဲ အာရုံစိုက်နေဆဲ...

Story Of Anastasia Where stories live. Discover now