Episode^14^

5.2K 639 52
                                    

ကျောင်းနဲ့ မလှမ်းမကမ်းက တော့ပိုကီဆိုင်မှာ လူတွေစီနေပါတယ်...၊၊ အကြောင်းအရင်းကတော့ အစပ်မစားနိုင်တဲ့ ဝမ်သခင်လေးက ဘယ်သူမှမလာခင် မနက်စောစောအချိန်ကြီး တော့ပိုကီကို ဘူးကြီးဘူးငယ်နဲ့ လာဝယ်သွားပါကြောင်း တိကျသေချာတဲ့ သတင်းဌာနက အခိုင်အမာ ဖောက်သည်ချထားတာကြောင့်ဖြစ်တယ်....၊၊

ကျောင်းမှာ သွားဝိုင်းနေရင် စိတ်ရှုပ်တတ်တဲ့ ဝမ်သခင်လေးရဲ့
မျက်စောင်းစူးတစ်ပေါက်ကို ကြောက်လွန်းတာကြောင့်
သူတို့ခမျာ တိတ်တခိုးလေး low key နေရသမျှ ဒီလိုအချိန်မျိုးမှာ
လျှမ်းလျှမ်းတောက်ပွင့်ထွက်ကုန်ကြပါကော....၊၊

ခိုးသဘောကျရတဲ့ဖီလင်လေးက တကယ့်ကိုမှ
ချိုချိုချဉ်ချဉ်လေးပါပဲ....

မိသားစု မျိုးရိုးကိုဖယ်လိုက်ရင်တောင်
ဝမ်သခင်လေးက အနေတည်တယ်...မိမိုက်လွန်းတယ်...
အရည်အချင်း ရှိလွန်းတယ် ၊၊ ကျောင်းရဲ့ ဘယ်နေရာကိုစမ်းစမ်း
ဝမ်ရိပေါ်.... ဝမ်ရိပေါ်
ဝမ်ရိပေါ် အကောင်းဆုံး !! ဆိုတဲ့လူတွေချည်းပဲ

" 85 logo sticker တွေကပ်ထားတိုင်း မင်းကိုယ်မင်း ဝမ်ရိပေါ်လိုမိုက်မယ်ထင်နေလား...."

" အံမယ် မိကျောင်းသားက လာပြောရတယ်ရှိသေး
ဒီ sticker မင်းမရလို့ မနာလိုဖြစ်နေတာ ငါကမသိရှာဘူး "

" မှန်ကြောင်ကတော့...!
တော့ပိုကီ နည်းနည်းကျွေးစမ်းပါ..."

တော့ပိုကီဗူးဆီ ကျူးကျော်လာတဲ့လက်တွေကို မျက်မှန်နဲ့ကောင်လေးက ရိုက်ထည့်လိုက်တယ်...

"ဖယ်စမ်း...မကျွေးနိုင်ဘူး မုန်လာဥဖက်ကလေးတောင် လာမနှိုက်နဲ့ ဟွန်း...ငါပင်ပင်ပန်းပန်းတိုးဝယ်ထားရတာ.."

"ဟ...ငါမတိုးချင်လို့ပါဟ ဝမ်ရိပေါ်လိုမိုက်တဲ့ကောင်လေးလာ
တောင်းစားတာကို မင်းကဂုဏ်တောင်ယူရမှာ မှန်ကြောင်ကလဲဖြစ်သေး စိတ်ကလဲ ပုတ်သေး "

" အီးစားလိုက်လေ ... "

အချင်းချင်း လက်ခလယ်မိုးတွေရွာပြီး တစ်အောင့်ကြာတော့....

" အယ် အယ် ဒီမှာကြည့်စမ်း မင်းရဲ့ကိုကိုပေါ်ပေါ်က ဘာလုပ်လုပ်
Hot search တန်းရောက်တာပဲ..."

Story Of Anastasia Where stories live. Discover now