Episode^4^

5.5K 665 5
                                    

"မင်းငါ့ကိုနည်းနည်းလေးမှမချစ်ခဲ့တာလား ဝမ်ရိ‌ပေါ်"

ခပ်တင်းတင်းဆုပ်ကိုင်ထားရတဲ့ ဖန်ကွဲစလို နှောင်ကြိုးတွေကြား
မရုန်းထွက်နိုင်စွာ မချင့်မရဲမေးလိုက်မိတယ်

"ငါတို့ငယ်ငယ်ရွယ်ရွယ်နဲ့မတည်မငြိမ်ဖြစ်ခဲ့တာတွေကို တစ်သက်လုံးအတွက်လို့ မင်းယူဆလို့မရဘူးလေ" တဲ့
ဝမ်ရိပေါ်က ဆေးလိပ်ငွေ့ကို ခပ်ဖွဖွမှုတ်ထုတ်ကာ တည်တည်ငြိမ်ငြိမ်နဲ့ပြန်ပြောလာတဲ့စကား ။
သူရဲ့တည်ငြိမ်နေတဲ့အသံကြောင့်ပဲ ရှောင်ကျန့်ပိုသွေးပျက်လာရတယ်
သဘောက လမ်းခွဲစကားကို သူ့ဘက်က ရက်ရက်စက်စက်ပြောနေတာတောင် တစ်ဖက်လူကိုနည်းနည်းလေးမှ အားနာမှုလေးတောင်မရှိဘူးဆိုတဲ့ ပုံစံမျိုး ၊၊ အဲ့တော့ နောက်ဆုံး သံယောဇဉ်လက်ကျန်ဆိုပြီး ရှောင်ကျန့်မျှော်လင့်သမျှက ဝမ်ရိပေါ်အတွက် စောက်ပိုသာသာပဲ

"ဟေ့ကောင်ရ မင်းအချစ်ကပေါပဲသလောက် ငါ့အချစ်ကိုပါဘာလို့ခေါင်းစဉ်လာတပ်ရတာလဲ ၊၊ ဟက် မတည်မငြိမ်ဖြစ်ခဲ့ရလောက်အောင် ငါ့ကမင်းလို  အချစ်ကို
အပျော်တမ်းကစားမယ်လို့ ထင်နေတာလား ၊၊  "

ဖောဖောသီသီအချစ်ခံရတဲ့ မိသားစုအသည်းညှာလေးကတော့ နားမလည်နိုင်ပါဘူး ၊၊ တစ်စုံတစ်ယောက်ရဲ့ အချစ်ကိုခံရတာဘယ်လောက်နွေးထွေးပြီး လုံခြုံရသလဲဆိုတာ ၊၊
ဘာလို့များ ထိုလူဟာ တစ်ပါးလူခံစားချက်ကို လွယ်လွယ်ဆော့ကစားရက်ရတာလဲ ၊၊

"မင်းပြောတဲ့ အချစ်ကို ငါမသိဘူး ၊၊ ငါတို့နှစ်ယောက်လဲ ရှေ့ဆက်ဖို့မဖြစ်နိုင်ဘူး ဒဲ့ပြောရရင် ငါ gay မဟုတ်ဘူး ရှောင်ကျန့်"

ရှောင်ကျန့် စကားကြောင့်နှာကစ်သွားတဲ့ ဝမ်ရိပေါ်ရဲ့ စကားထိုးစစ်မှာ ခွေလဲမကျသွားအောင် တော်တော်ထိန်းလိုက်ရတယ် ၊၊ သူခံရရင် အဆပေါင်းများစွာ ပြန်နာကျင်ရအောင်လုပ်တတ်တဲ့ ထိုလူရဲ့ အကျင့်အလျောက် ဓားသွားလိုစကားတွေနဲ့ နှလုံးသားတည့်တည့်ကို အထပ်ထပ်ထိုးဖောက်တယ်

ရစ်သိုင်းပြီး ငွေ့ရည်ဖွဲ့လာတဲ့ မျက်ဝန်းတွေက ထုံကျင်နေတဲ့နှလုံးသားကိုမီးမှောင်းထိုးပြနေသလိုပါပဲ၊၊
မြိုသိပ်ခဲ့သမျှ နာကျင်ရသမျှတွေ မျက်ရည်အဖြစ်မပေါက်ကွဲခင်
သူ့မျက်နှာချင်းဆိုင်နားက မျက်နှာချောချောကို ခပ်ပြင်းပြင်းထိုးချလိုက်မိတယ် ဟင့်အင်း ငါမင်းကိုထပ်မရှုံးစေရဘူး

Story Of Anastasia Where stories live. Discover now