Episode^33^

4.5K 455 35
                                    

" ကျိုးချန် "

" ? "

ရုတ်တရက်ကြီး ကော်ရစ်တာမှာ လူအုံနေတယ်မှတ်တာ
လက်စသတ်တော့ ၀မ်သခင်လေးရောက်နေတာကိုး...။
သူ့ကို ပြာပြာသလဲခေါ်နေတဲ့ ၀မ်ရိပေါ်ကိုကြည့်ရင်း
ကျိုးချန်က မျက်ခုံးကို အသာပင့်လို့ အကဲခတ်နေလိုက်တယ်။
ဘာလဲ... ဒီကောင် တကယ်ကြီးလား

" သူရောက်နေပြီလား "

" အာ... ငါ့ကိုခုနက စာပို့တာတော့ ရောက်နေပြီတဲ့ "

" ဪ... အဲ့ဒါဆို... အဟမ်း... ဒါလေး လူကြုံထည့်ပေးလိုက်ချင်လို့...။ menu အသစ်ကို
သူကြိုက်မှာပါ ။ ပြီးတော့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို တန်ဖိုးထားလို့ ငါသူ့ကိုမတွေ့ပဲ နေနိုင်အောင် အတတ်နိုင်ဆုံးနေနေပါတယ်
အရမ်းလွမ်းနေတယ် လို့လဲ ပြောပေးပါ...  "

ကျိုးချန်က ၀မ်ရိပေါ်ကိုသာ ကြောင်ပြီး ကြည့်နေတော့တာမို့ ၀မ်ရိပေါ်က စိတ်မရှည်စွာပဲ စက္ကူအိတ်ကလေးကို ကျိုးချန်လက်ထဲ ထည့်ပေးလိုက်တယ်။ အဲ့ဒီ့အချိန်အထိ ကျိုးချန်က ရိပေါ်ကို မယုံသင်္ကာမျက်လုံးမျိုးနဲ့ ကြည့်နေတုန်း...

" ၀မ်ရိပေါ် ခဏ... "

ရိပေါ် လက်သီးကို တင်းနေအောင် ဆုပ်လိုက်မိတယ်...။
တကယ်ကို လူ့ဘော်ကျော့ ဘာကိုမှ မပူမပင်ပဲ နေခဲ့ရတဲ့ သူဌေးသားပေမယ့် ဒီအချိန်မှာ ခယတောင်းဆိုလိုက်ဖို့ရော ပြိုလဲလိုက်ဖို့ရော သူဘာကိုမှ ၀န်မလေးဘူး... ။ ဒါဟာ နှင်းဆီဖူးလေးနဲ့ အစပျိုးနေလို့ဆိုတဲ့ အကြောင်းပြချက်လေးတစ်ခုနဲ့တင် လုံလောက်နေခဲ့ပြီ ... ။

သူ အခုတလော ကျိုးချန်ကို သိပ်မနာလိုဖြစ်ရတယ်။

မမြင်ကွယ်ရာက ရိပေါ်မမြင်နိုင်တဲ့ ရှောင်ကျန့်ပုံရိပ်ကလေးကို ကံကောင်းလွန်းစွာပဲ ခဏခဏ မြင်တွေ့ခွင့်ရနေတဲ့လူ မဟုတ်ပါလား...။ မဆီမဆိုင် သူ့လိုမျိုး ရှောင်ကျန့်ရဲ့ အမူအယာလေးတွေကို ကျိုးချန် စွဲလမ်းသွားမှာကိုလဲ တွေးပူတတ်နေခဲ့ပြီ...။

" ငါလူကြုံပေးလိုက်တဲ့ ကိတ်မုန့်တစ်ဗူးရဲ့ ပယောဂကြောင့်
ရှောင်ကျန့် ထပ်မငိုရလောက်ဘူးမလား? "

ရိပေါ်ဘက်က ခေတ္တတိတ်ဆိတ်သွားတယ်...။ ငိုဧ။် မငိုဧ။် ဆိုတဲ့
ကတိက၀တ်တွေထက် နေ့ရက်တိုင်းအတွက် လုံခြုံနွေးထွေးမှု
အေးချမ်းမှုတွေနဲ့အတူ သူ့ရဲ့မေတ္တာတွေ ဘယ်တော့မှ မပြောင်းလဲတော့ဘူးဆိုတာတော့ အာမခံနိုင်ပါတယ်။ နေ့ရက်တိုင်းအတွက် ရှောင်ကျန့်ရဲ့ ရှင်သန်မှုလေးက
ကိုယ့်အတွက် ဘယ်လောက်အဖိုးတန်လဲဆိုတာမျိုးကို ကတိက၀တ်ဆိုတာမျိုးတွေထက် ပိုပြီး သက်သေပြချင်မိတယ်။
သူ့လိုလူဆိုးကောင်လဲ ချစ်တတ် နာကျင်တတ် သ၀န်တိုတတ်
ကြောင်း တတွတ်တွတ်ပြောပြီး မရက်စက်ဖို့လဲ တောင်းဆိုမိအုန်းမှာ။
ပြီးတော့ မျက်စောင်းလေးတွေထိုးတိုင်း နှုတ်ခမ်းလေးစူချွန်လာတိုင်း
အနမ်းတွေနဲ့ ကုစားမယ်။ ရှောင်ကျန့်မျက်ရည်တွေ အတွက်ကရော...သူ့ရဲ့လက်တစ်စုံက နူးနူးညံ့ညံ့ သုတ်ပေးမယ့်
လက်တစ်စုံလည်းဖြစ်နိုင်သလို မျက်ရည်ကျစေတဲ့ အရာတွေကိုလဲ
ဖျက်စီးဖို့ အသင့်ဖြစ်နေတဲ့ လူရမ်းကား တစ်ယောက်လည်း ဖြစ်သွားနိုင်တယ်။

Story Of Anastasia Where stories live. Discover now