Episode^2^

6.6K 701 10
                                    

" ပြီးတော့ ကျွန်တော်မနက်ဖြန် ဟိုတယ်ကိုပြောင်းတော့မှာပါ ရှောင်သခင်ကြီးနဲ့ မိသားစုက အေးအေးချမ်းချမ်းနေခဲ့ကြပါ ခဗျ"

နှုတ်ခမ်းအစွန်းလေးကိုတစ်ဖက်သို့ ကော့တက်အောင်ပြုံးလိုက်ရင်း ပြောလိုက်တာဖြစ်တယ်။ ပြီးတာနဲ့ ထမင်းစားဝိုင်းကနေ လှည့်ထွက်လာခဲ့တယ်။ ရှောင်ကျန့်နှလုံးသားထဲက အနာတရတွေ စိတ်ဒဏ်ရာတွေကို တဖြည်းဖြည်းကုသဖို့လုပ်လိုက်တိုင်း ပိုနာကျည်းလာမိသည်။

စိတ်ဒဏ်ရာတွေနဲ့ ရှင်သန်ခဲ့ရတဲ့နေ့တွေ ဘယ်လောက်တောင် ပိတ်ပိတ်မှောင်ခဲ့ရလဲ ...၊၊
တစ်ယောက်တည်း အေးစက်တုန်ရီပြီးကြော က်နေခဲ့ရတဲ့အဖြစ်တွက လတ်ဆတ်နေတုန်းပဲ... အဲ့လိုနေ့ရက်တွေကို ကြောက်တယ်
အဲ့ဒီ့အကြောင်းတွေကို ပြန်တွေးမိမှာကိုကြောက်တယ်

"သား... ပါပါးနဲ့စကားပြောရအောင်..."

စာကြည့်ခန်းထဲ laptop တစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့ ရှောင်ကျန့် ထိုစိမ်းသက်သောအခေါ်အဝေါ်နဲ့အသားမကျစွာ အနည်းငယ်တုန်လှုပ်သွားတာတော့ ၀န်ခံရမယ် ။
ရှေ့ကlaptop ကိုပိတ်ချလိုက်ပြီး

"ကျွန်တော်တို့်မှာ ပြောစရာ များများစားစားမရှိဘူး ဟုတ် "

မစ်စတာရှောင်အိုက် ကသူ့ဘေးကဆိုဖာပေါ်ရောက်လာပြီး ပါးတစ်ဖက်ကို ခပ်ဖွဖွအုပ်ကိုင်တယ် ပြီးတော့ ယူကျုံးမရစွာ နာကျင်နေတဲ့တဲ့အသံမျိုးနဲ့ စကားစပြောတယ် ဘာဖြစ်လာပြန်တာလဲ

" ကောင်းကောင်းကြီးပြင်းလာခဲ့တာပဲ ဒီအဖေက တာဝန်မကျေခဲ့တာတောင် ကောင်းကောင်းကြီးပြင်းလာခဲ့တာပဲ"

တုန်ရီလှိုက်မောစွာပြောလာသော မစ်စတာရှောင်အိုက်အသံကြောင့်
အစွန်းစွန်ထိအရွဲ့ တိုက်ဖို့လုပ်ထားတဲ့ ရှောင်ကျန့်ခဲထားသမျှဟာ
လွတ်ထွက်ကုန်တယ်။ မစ်စတာရှောင်အိုက်ဆိုတာ အမြဲဖျက်လက်ပြီး
မာန်တကြွားကြွားနဲ့ဖြစ်နေခဲ့တာ ဒီလိုညို့နေတဲ့မျက်ဝန်းတွေနဲ့
မဟုတ်ဘူး။

" သား ကနေဒါမှာအဆင်ပြေတယ်မလား ပါပါးဆက်သွယ်ဖို့လုပ်ပေမယ့် အခြေနေမပေးခဲ့တာကြောင့်... "

" လိုရင်း လိုရင်းကိုပြောပေးပါ"
.
.
.

" ပါပါးမှာ အချိန်သိပ်မကျန်တော့ဘူးသား... "

Story Of Anastasia Onde histórias criam vida. Descubra agora