Episode^9^

4.9K 605 43
                                    

" သခင်လေး အပြင်မှာ ဧည့်သည်ရောက်နေပါတယ်"

ကျင်းယွိနဲ့ စကားပြောနေတုန်း အတွင်းရေးမှူးရဲ့ စကားကြောင့် ရှောင်ကျန့် ခါးမတ်သွားတယ်...၊၊ ငါ့ကိုနေ့လည်စာစားချိန်တော့အလွတ်ပေးကြပါဟ

" ဟမ် ဘာကို ? ချိန်းထားတာလဲ မတွေ့ပါဘူး"

"ဟို ကြိုချိန်းထားတာတော့မဟုတ်ပါဘူး အဲ့ဒါက ဟို ဝမ် သခင်လေး..."

ဘာတွေအကြပ်ကိုင်ထားလဲ မသိ အတွင်းရေးမှုးကောင်လေးအသံက
တုန်တုန်ရီရီနဲ့ ၊၊ ရှောင်ကျန့်လဲစဉ်းစားရကျပ်သွားတယ် ဝမ်ရိပေါ်က ဘာကိုအလျင်လိုနေတာလဲ....

"ရှောင်ကျန့် မင်းမအားရင် ငါတို့နောက်နေ့မှ စားလို့လဲဖြစ်တယ်နော်
ဟိုဟာကိုတော့ mail နဲ့ပဲ ပို့လိုက်တော့ "

ကျွီ...

ကျင်းယွိ စကားအဆုံး ရုံးခန်းတံခါးကပွင့်လာပြီး လယ်သာ jacket နဲ့သန့်ပြန့်နေတဲ့ အနှိုင်းမဲ့ ဝမ်သခင်လေးပေါ်လာတယ်...
ဝမ်ရိပေါ်က သူ့ကိုစူးစူးဝါးဝါးကြည့်တယ် ပြီးတော့
ကျင်းယွိကိုကြည့်တယ် ၊၊ မျက်နှာအနေထားကိုကြည့်တာနဲ့
စိတ်အလိုမကျဘူးဆိုတာ သိသာလောက်အောင် ဝမ်ရိပေါ်ရဲ့မျက်လုံးတွေက သားကောင်လိုက်ခါနီး ခြင်္သေ့လို စူးရှမဲနက်နေတယ် ၊၊

" ရှောင်ကျန့် စကားပြောမယ် "

ဝမ်ရိပေါ် အသံကတော့ အရင်တိုင်းပဲ tone တစ် tone တည်း

"ကျင်းယွိ ဒီလိုလုပ်လိုက်ပါလား ငါတို့အရင်က စားနေကျ စီချွမ်ဟော့ပေါ့ဆိုင်မှာပဲ စောင့်နေလိုက်လေ ငါနောက်ကလိုက်လာခဲ့မယ်"

"အိုခေ မင်းအဆင်ပြေရင်ပြီးရော"

ခပ်စွာစွာ ကျင်းယွိကလဲ သူ့ကို စူးစူးဝါးဝါးစိုက်ကြည့်နေတဲ့ ဝမ်သခင်လေးကို ခပ်ရွဲ့ရွဲ့ပြန်ကြည့်သွားသေးတယ်

" မင်းငါ့ကိုကြိုချိန်းသင့်တယ်"

"Purple Company Project ကိုလက်လျော့လိုက် ရှောင်ကျန့်"

အိုး ဒီ ဝမ်သခင်လေးနဲ့တော့ခက်နေပါရော အရင်ကလို သူအမိန့်ပေးသမျှ နာခံတတ်တဲ့ ရှောင်ကျန့်များထင်နေလား
ရှောင်ကျန့် ခပ်ဟဟ ရယ်လိုက်မိတယ်

Story Of Anastasia Onde histórias criam vida. Descubra agora