Episode^18^

5.3K 693 77
                                    

စွန်လေးကို ကိုယ်မပိုင်တော့ဘူးလေ... လေအဝေ့မှာ ပြစ်စက်လက်ခတ် မျောလွင့်လာလဲ ပိုင်ရှင်ကိုကျော်ပြီး မဖမ်းဆုပ်ရက်ပါဘူး။ မှန်ဇာကြိုးကို လက်အနာခံပြီး ဆွဲထားရတဲ့ ခံစားချက်မျိုးကို ရှောင်ကျန့်က အသိဆုံးဖြစ်ခဲ့တာကြောင့် ... ။
ပြီးတော့ ဖမ်းဆုပ်တိုင်း ကိုယ့်နဘေးမှာ ရှိနေရအောင် ၀မ်ရိပေါ်က ခံစားချက်မဲ့နေတဲ့ သက်မဲ့မဟုတ်ဘူး...။ ငါသူ့ကိုရွေးချယ်ထားတယ်ဆိုပြီး ရှောင်ကျန့် ရှေ့မှာတောင် ပြတ်သားခဲ့တဲ့လူမျိုး ...။ ဘယ်သို့သော တစ်ကိုယ်ကောင်းဆန်ခြင်းမျိုးနဲ့မှ မလွှမ်းမိုးရက်တာကတော့ အဆုံးထိ ရှောင်ကျန့်ပါပဲ ... ။

ထင်ထားတဲ့အတိုင်းပဲ အဲ့လိုနေ့မျိုးက လျင်လျင်မြန်မြန်ပဲ ရောက်ရှိလာပါတယ်။ ကျောက်လုဇီနဲ့ မျက်နှာချင်းဆိုင်ရတဲ့နေ့မျိုးပေါ့။ တစ်ခါတစ်လေ ထိုမိန်းကလေးနဲ့ စကားပြောရအောင် ၀မ်ရိပေါ်ရှေ့မှ အားနည်းခဲ့တဲ့ ကိုယ့်ကိုကိုယ်လဲ
ဒေါသထွက်မိပါတယ်...။ တကယ်ဆို စကားတွေအများကြီးပြောစရာမလိုလောက်အောင် အရာရာက ကွဲပြားနေပြီးသားမဟုတ်ပါလား...။ ရုပ်ရှင်ထဲကလို နှစ်ယောက်အဆင်ပြေဖို့ အစစအရာရာ ရှင်းပြခဲ့တဲ့ သူတော်ကောင်း တတိယလူလဲ သူမလုပ်နိုင်လောက်ဘူး...။

ဒီလူသားနဲ့ ပတ်သတ်သမျှက ရင်ထဲမှာ သိမ်းထားပြီးခဲ့ပါပြီလေ...

" ဆန်ပြုတ်... ဆန်ပြုတ်လာပို့တာ။ အဲ့ဒီ့နေ့က "

" ညဘက်ကြီးကိုမှလေ ။ ရှောင်ကျန့်က တကယ်ပဲ ပတ်ဝန်းကျင်အမြင်ကို ဂရုမစိုက်တော့တာလား..."

ရှောင်ကျန့်သက်ပြင်းသာချမိတော့တယ်။ အမှန်အတိုင်းပြောလိုက်ရင်
တစ်မျိုးစိတ်ဒဏ်ရာရမှာစိုးလို့ တမင်တကာချန်ခဲ့တာကို ....
တကယ်မရတော့ဘူးပဲ...။

" ငါအကြောင်းတစ်ခုခုကြောင့် နေမကောင်းတာမို့ သူ့အမေက
ပို့ခိုင်းတဲ့ ဆန်ပြုတ်ကို ငါ့ဆီယူလာတာ... ရှင်းသွားပြီလား "

စကားအဆုံး ကျောက်လုဇီမျက်နှာက မယုံနိုင်တဲ့ ပုံစံမျိုးဖြစ်သွားတယ်။
ဝမ် သခင်မကြီးက ရိပေါ်နဲ့ပတ်သတ်ပြီး သူမကိုတော့ အပီအပြင် ခါးသီးနေခဲ့တာလေ... ။ ရှောင်ကျန့်ကိုကျ...

Story Of Anastasia Nơi câu chuyện tồn tại. Hãy khám phá bây giờ