Episode^15^

5.1K 609 18
                                    

ကော်ဖီဆိုင် တံခါးလေးကိုတွန်းဖွင့်လိုက်တာနဲ့ တံခါးအထက်နားက ခေါင်းလောင်းလေးက မပျင်းမရိထမြည်တယ်...။  တစ်ယောက်တည်းအေပရွန်တစ်ထည်နဲ့ အလုပ်ရှုပ်နေတဲ့ ခပ်ဖိုင့်ဖိုင့်
လောင်ပန်ကလဲ အပြုံးတွေနဲ့ကြိုဆိုလို့....

" အားကျန့် အရင်အတိုင်းပဲလား..."

ဖောဖောရွေရွေစကားသံအဆုံး ရှောင်ကျန့်စဉ်းစားသလို ခေတ္တမျှငြိမ်သက်သွားတယ်....။
ပြီးမှ အားရပါးရပြန်ပြုံးပြရင်း ခေါင်းညှိမ့်လိုက်မိတယ်....

အရင်အတိုင်းပါပဲ ဘာမှမပြောင်းလဲပါဘူး

ရင်းနှီးနေတဲ့ ဆိုင်အပြင်အဆင်လေးရယ်... ဆိုင်အတွင်းက အမွှေးအိတ်အနံ့ကို အမြဲ တစ်ခုတည်းစွဲစွဲမြဲမြဲသုံးတဲ့ လောင်ပန်ရယ်ကြောင့် တစ်သက်စာအတွက် လှလှပပ
သိမ်းပိုးထားချင်တဲ့ အမှတ်တရတချို့က ပြန်ပေါ်လာခဲ့တယ်။

မှန်တံခါးကနေ အပြင်ကမိုးရေစက်တွေကို ကောင်းကောင်းမြင်နိုင်မယ့် နေရာဟောင်းလေးမှာ ထိုင်တယ်။ အချိန်အခါမဟုတ် ဆွေလေတဲ့ မိုးကြောင့် ရှောင်ကျန့်ဒီနေရာလေးကိုလာဖို့ကလွဲရင် ဘာမှမတွေးမိတော့ဘူး။ ဒါဟာ အတိတ်ကို ပြန်တူးဖော်သလိုဖြစ်နေမလားဆိုတာ မသိပေမယ့် လက်ရှိပစ္စုပန်ကိုတော့
သူအပြည့်အ၀လက်ခံထားပါတယ် ။ ဒါတွေဟာ
တစ်ဖက်တည်းက စူးစူးနစ်နစ်မှတ်မိနေရမယ့်
အမှတ်တရတွေထက် ပိုမနေပါဘူး ။

လူတစ်ယောက်က သူရှင်သန်ခဲ့တဲ့
နေ့ရက်တိုင်းကို မမှတ်မိနိုင်ဘူးလေ...
ဒါပေမယ့် နေ့ရက်တိုင်းကို နောင်တကင်းကင်းနဲ့ ကောင်းကောင်းရှင်သန်ရမယ် ။  အချိန်တွေကိုတောင် မှတ်မိနေအောင် မဖမ်းဆုပ်နိုင်တဲ့ မှတ်ဥာဏ်က အဲ့ဒီ့အချိန်မှာဖြစ်ခဲ့တဲ့ မရေမရာခံစားချက်လေးကိုတော့ တိုက်ဆိုင်တဲ့အချိန်တိုင်းမှာ နာကျင်ရလေအောင် မှတ်မိစေခဲ့တယ်တဲ့လား ။

မှန်တံခါးတွေက ကြည်လင်နေတယ်...။
အိုး... ဒီမှန်တံခါးတွေကို ဘယ်လိုသန့်ရှင်းရေးလုပ်ရမလဲ ရှောင်ကျန့်အသိဆုံးပဲ...။ စိတ်ပါလက်ပါ သန့်ရှင်းရေးမြန်မြန်လုပ် ၊
လောင်ပန်ကျွေးတဲ့ ပေါင်မုန့်ကိုစားပြီး တခြားအချိန်ပိုင်းအလုပ်ကို
စက်ဘီးတစ်စီးနဲ့ ကူးခဲ့တာ... ။ ပင်ပန်းလိုက်တာလို့ ရေရွတ်ဖို့တောင် မအားတဲ့အချိန်တွေပေါ့.... ။ ကလေးပီပီ လက်ထဲ လုပ်အားခလေးရလာရင် ပျော်လို့...

Story Of Anastasia Where stories live. Discover now