Episode^16^

5.1K 596 42
                                    

" ဘကြီးရန် ဒီမှာခဏစောင့်ပေးနော် "

မုဆိုးမလေး မင်္ဂါ လို ရှည်လျား ထွေပြားတဲ့ ကျိုးချန် တစ်ကောင်ကတော့ ရိုးရာမပျက် မနက်ဖြန် တင်ရမယ့် Group Project က စာရွက် စာတမ်းတွေကို သူ့အမေဘိုးတော်က လာခိုးတော့မလို locker ထဲ အဆင့်ဆင့်ဝှက်သွားတယ်တဲ့လေ...

အခု error တစ်ခုကိုပြင်ဖို့ ညတွင်းချင်းလိုတာမို့ နောက်ဆုံးမှပြန်ရတဲ့ ရှောင်ကျန့်ကို လှမ်းအညှော်ကပ်တယ်။ အသံဆိုးကြီးနဲ့ လုပ်ချိုသာနေတာတွေ မခံစားနိုင်တာမို့
ဠီးပဲလို့သာ ၃ခါလောက်ဆဲလိုက်ပြီး ကိုယ်တိုင်ဆင်းယူဖို့ပြင်ရတယ်။
ဒီနေ့မှလဲ ယွိပင်းက နယ်ကိုအလုပ်ကိစ္စတစ်ခုနဲ့သွားတာမို့
မစ်စတာရှောင်အိုက် တို့လက်ထက်ကတည်းက Driver ဦးလေးကြီးက လာကြိုတော့ လူကြီးကိုလဲ အကူအညီမတောင်းချင်တော့ဘူး။

ကျောင်းဆင်းချိန်ကျော်သွားပြီ ။ ကျောင်းဝေယာဝစ္စလုပ်တဲ့အဖွဲ့ရယ်
ရေကူး club ကတစ်ယောက်စ၊ နှစ်ယောက်စလောက်ရယ်သာ ကျန်တော့တယ်။ ဒီလိုတိတ်ဆိတ်နေတဲ့အချိန်... Locker နားရောက်ခါနီး လမ်းချိုးတစ်ခုကနေ
ရှောင်ကျန့်နောက်ကို တစ်စုံတစ်ယောက်လိုက်လာတဲ့ ခြေသံကိုကြားလိုက်ရတယ်။

မဟုတ်ဘူး တစ်ယောက်တည်း မဟုတ်ဘူး... ။အနည်းဆုံး ၄ယောက် ၅ယောက်လောက် ရှိမယ်

ကျူးလုအာ ရဲ့လင်ညီမအပေါင်းအဖော်တွေလား၊ ဟိုနေ့က ၀မ်ရိပေါ်နဲ့ ပေါင်းကစ်ခဲ့တဲ့ မျက်နှာဆိုးတစ်သိုက်လားဆိုတာမသိပေမယ့် မကောင်းတဲ့အငွေ့အသက်တွေကိုတော့ တိုက်ရိုက်ခံစားမိနေပါတယ်။
အဟင်း ... လူချစ်လူခင်က မဟားတရားများလွန်းလို့ တွေးတောင်မတွေးတတ်တော့ဘူး

" ဒုန်း  "

ထင်တဲ့တိုင်းပဲ locker နားကိုရောက်ရောက်ချင်းပဲ ရှောင်ကျန့်က မျက်နှာဆိုး ငါးကောင်ရဲ့ ပိတ်ရပ်တာကို ခံလိုက်ရတယ်။
မျက်နှာဆိုး တစ်ကောင်က locker ဘက်ကို လက်ဆန့်ထုတ်ပြီး
ဒုန်း ခနဲ လမ်းပိတ်လိုက်တာမို့ လိပ်ပြာလေးတောင် ကလူ ကလူ
ဖြစ်သွားတယ်

" ဘာဖြစ်ချင်တာလဲ... "

ပျင်းတယ်။ စောက်ရမ်းပျင်းတယ်။ လောကကြီးက ရှောင်ကျန့်ကို
ငြိမ်ငြိမ်နေခွင့်မပေးတော့ဘူးလား ...

Story Of Anastasia Where stories live. Discover now