Episode^22^

5.3K 575 45
                                    

• Past ~

နာကျင်နေတဲ့ ဇာတ်ပိုးကိုတဖက်ဖက်ထုရင်း ဟိုဘက်ဒီဘက်လှန်ချိုးလိုက်တော့ ဂျွတ်ခနဲမြည်လာတယ်...။
နာရီကိုကြည့်လိုက်တော့ ၁၂နာရီ ၄၅။ တကယ်ဆိုရှောင်ကျန့် အရမ်းအိပ်ချင်နေပြီ...။ အချိန်ပိုင်းအလုပ်ကပြန်လာပြီး ဒီအချိန်မှ
စာမလုပ်ရင် သူ့အတွက် စာလုပ်ချိန်မရှိတာကြောင့် အတင်းပြူးပြဲပြီးလုပ်နေရတာဖြစ်တယ်...။
ဒီတိုင်းဆို ပုလင်းဖင်နီးပါး ပါဝါတွေထက်တိုးတော့မှာပဲ..

အိမ်ကမထောက်ပံ့တာမဟုတ်မျိုးတော့ မဟုတ်ပေမယ့် ၀တ်ကျေတန်းကျေကလွဲလို့ မကြည်ဖြူတဲ့သူတွေဆီက လက်ဖြန့်တောင်းရတာမျိုးလုပ်ဖို့ထက်
ရှောင်ကျန့်ကတော့ ကိုယ့်ခြေထောက် ကိုယ့်လက်ကို အားကိုးလိုက်ဖို့ပဲ ဆုံးဖြတ်ခဲ့တာမို့..။ ဒါနဲ့ပတ်သတ်ပြီး ပင်ပန်းလိုက်တာလို့လဲ ငြီးငြူနေမှာမဟုတ်သလို မှားတယ်လို့လဲ ခံစားရမှာမဟုတ်ဘူး။

စားပွဲပေါ်မှာ ခေါင်းလေးမှောက်ပြီး မျက်စိကိုခဏအနားပေးနေတုန်း
ခြံရှေ့က ကားသံတ၀ူးဝူးကိုကြားလိုက်ရတာမို့ နားစွင့်လိုက်မိပါတယ်။
အာ... ဟုတ်သားပဲ...။ ဒီနေ့အတွက် Alan Walker ရဲ့EDM show နဲ့ပတ်သတ်ပြီး ကျောင်းမှာကတည်းက နာမည်ကြီးနေခဲ့တာ...။
ဒါကြောင့် ဒီနေ့အိမ်မှာ ကျူးလုအာရဲ့အသံက တိတ်နေတာကိုး...။
ကျူးလုအာကို လိုက်ပို့ပုံရတဲ့ အဖွဲ့လိုက် ဆူဆူညံညံ အသံတွေထဲ ရင်းနှီးတဲ့ ဩရှရှအသံလေးကို အာရုံခံနေမိတယ်...။ မသေချာပေမယ့်
ခြံရှေ့ကလူတွေထဲ သူပါလာပါစေလို့ ရှောင်ကျန့်က တိတ်တိတ်ကလေး ဆုတောင်းနေမိပါတယ်...

' ဒေါက် ' ' ဒေါက် '

စားကြည့်စားပွဲနဲ့ ကပ်နေတဲ့ပြတင်းပေါက်မှန်က အသံကြောင့် ရှောင်ကျန့် လိုက်ကာကိုဆွဲဖွင့်ကာ မှန်တံခါးလေးကိုအသာဟပြီးကြည့်လိုက်မိတော့
ကားလေးစီးလောက်က ခြံရှေ့မှာရှိနေပြီး ထိုထဲမှာမှ
တစ်ကိုယ်လုံးနက်ဆွေးနေတဲ့အသွင်နဲ့...ပြိုင်ကားကိုနောက်မှီကာ ရှောင်ကျန့်အခန်းကို ပြီတီတီနဲ့ လှမ်းငေးနေတဲ့ ၀မ်ရိပေါ်ကိုတွေ့လိုက်တဲ့အချိန် သူ့သွေးတွေက ဆောင့်တက်သွားပါတယ်... ။ 1990 လောက်က ခေတ်စားခဲ့တဲ့ အဖြူအမဲ အကွက်လက်ရှည်လေးကလဲ သူနဲ့မှပိုလိုက်ဖက်နေသယောင် မနာလိုစရာကောင်းစွာနဲ့ပဲ ၀မ်ရိပေါ်က အားလုံးရဲ့ အိပ်မက်နတ်သားလေးလို လရောင်အောက်မှာ ပြည့်စုံမှုတွေခငြောင်းနေတယ်...။

Story Of Anastasia Where stories live. Discover now