Episode^11^

5K 596 46
                                    

ကျောင်းပန်းခြံထဲမှာ အရောင်အသွေးစုံလင်တဲ့ ပန်းမျိုး ၃၀ လောက်ကို စိုက်ပျိုးပြုစုထားတယ် ၊၊ တိတိရိရိညှပ်ထားတဲ့ ကတ္တိပါလို မြက်ခင်းစိမ်းစိမ်းလေးတွေကလဲမျက်စိ ပသာဒ ဖြစ်ဖွယ် ၊၊  လျှောက်လမ်းလေးကလဲ အရိပ်အာဝါသ တွေနဲ့ပြည့်နေတယ်
အရာအားလုံးက လှပနေတယ်...သူမထိုင်နေတဲ့ ခုံတန်းလေးမှာ သူမနဲ့အတူ ရိပေါ်လဲရှိနေတယ်... ဒါပေမယ့် သူမ မအေးချမ်းနိုင်ဘူး
သူမ ရင်ထဲမှာ ပူလောင်နေရတာ မနေ့က ကတည်းက ...

"ငါမနေ့ကရိုင်းမိသွားတယ်ထင်တယ်..ရိပေါ် "

" လုဇီ.."

"ငါ...ငါမရိုင်းသင့်မှန်းသိပါတယ် ရိပေါ် ဒါပေမယ့် သူက ရိပေါ်ကိုအရင်ကတည်းက သိခွင့်ရပြီး အရင်ကတည်းက ချစ်ခွင့်ရခဲ့တာမို့ ငါမနာလိုဖြစ်တာ..."

ရိပေါ်က သူမ ပုခုံးအစွန်းနှစ်ဖက်က ခပ်သာသာကိုင်ပြီး နှစ်သိမ့်တဲ့လေသံနဲ့ပြောတယ်

"လုဇီ အခုကိုယ်နဲ့သူနဲ့က ဘာမှမဆိုင်တော့ဘူးလေ...၊၊ သူလဲသူ့လမ်းသူ အကောင်းဆုံးလျှောက်နေပြီ ၊၊ အရာအားလုံးက အတိတ်တွေပဲ...အခု ကိုယ်သဘောကျတာ မင်းတစ်ယောက်တည်း
ကျေးဇူးပြုပြီး ဘာကိုမှမစဉ်းစါးပဲ ကိုယ်တို့အကြောင်းကိုပဲ စဉ်းစားပေး...နော်..."

"ဟင့်အင်း သူကပြည့်စုံလွန်းတယ် ...၊၊ ရိပေါ်ကို ပြန်ယူသွားမှာ ငါသိနေတယ် ..."

မျက်ရည်တွေ ဝိုင်းတက်လာတဲ့လုဇီကြောင့် ရိပေါ်သက်ပြင်းခပ်လေးလေး တစ်ခုသာချလိုက်မိတော့တယ်
"ဘာလို့အဲ့လိုထင်ရတာလဲ...ကိုယ်ချစ်ပေးတာမလုံလောက်လို့လား ဟင်...?"

ထိုတော့မှ မိန်းကလေးငယ်က ခေါင်းကိုအသာခါတယ် ၊၊

ဒီလိုပြည့်စုံတဲ့ ချစ်ခြင်းမျိုးမို့လို့ပဲ တစ်ပါးလူကိုပေးလိုက်ရမှာ ၊
အရင်ကလူ ပြန်ယူသွားမှာကို သူမကြောက်နေရတာ...၊၊
ုပြည့်စုံလွန်းတဲ့ မင်းသားလေးကို ကံကြမ္မာမျက်နှာသာပေးမှုကြောင့်
ပိုင်ထားရတဲ့သူမ...လက်လွှတ်ဖို့အချိန်ရောက်လာရင်ရော...
ဘယ်လို သဒ္ဓါတရားနဲ့များ သူများလက်ထဲ ရက်ရက်ရောရောထည့်ပေးလိုက်နိုင်မှာလဲ....?

အဆိုးဆုံးက သူတို့နှစ်ယောက်ကို တွဲမြင်လိုက်တဲ့အချိန်မှာ ဖြစ်လာတဲ့ ခံစားမှု...၊၊ သူမ ဘယ်တုန်းကမှ ရိပေါ်ကိုမပိုင်ခဲ့သလိုမျိုး
အခု ပိုင်ရှင်အမှန်ပြန်ပေါ်လာလို့ ကြောက်နေရသလိုမျိုး ဖြစ်နေခဲ့တာ...၊၊

Story Of Anastasia Where stories live. Discover now