Episode^5^

5.4K 603 12
                                    

/ This episode may contain mature words. So,if your age is under 18 , you shouldn't read first part . /

နှစ်ယောက်အတူ သေးမျှင်တဲ့ စည်းလေးကိုကျော်ခဲ့ဖူးပါတယ် ၊၊ အလွန်သေးမျှင်ပါးလွှာတဲ့စည်းလေးက ဆက်ဆက်ထိမခံနိုင်တဲ့ လက်တည့်စမ်းတဲ့အရွယ်တွေအတွက် အနေနီးခြင်းနဲ့အတူအလွယ်တကူဖြစ်ပျက်ခဲ့တယ်လို့ပြောရမလား ၊၊
အနေနီးခြင်း ဆိုတာထက် ရှောင်ကျန့်က တွယ်ကပ်တယ်လို့ပဲပြောရမယ် ၊ သိသိသာသာမဟုတ်ရင်တောင် မသိမသာ တွယ်ကပ်ပြီး အမြဲတမ်းအတူရှိနေခဲ့တာ ၊၊ ရှောင်ကျန့်ကိုယ်တိုင်က သဘောတူကြည်ဖြူစွာနဲ့
ဲ့ကျော်ခဲ့မိတဲ့ စည်းလေးရယ်

Sex ဆိုတာမျိုးက ဦးဆောင်သူတစ်ဦးတည်းက ရရှိသာယာတာမျိုးမဟုတ်ဘူး ၊၊ အတူသာတူညီမျှရတဲ့ အရာတစ်ခုမို့လို့ ပြတ်ဆဲသွားတာတောင် ရှောင်ကျန့်ဘက်က နောင်တရတာမျိုးမရှိခဲ့ပါဘူး ၊၊ ဝမ်ရိပေါ်ကလဲဇောကပ်နေခဲ့ပေမယ့်
အတင်း အဓမ္မလုပ်ခဲ့တာမှ မဟုတ်ပဲ...၊၊
ရှောင်ကျန့်ဘက်က ချစ်မိလို့သာ ကြည်ကြည်ဖြူဖြူပေးခဲ့တဲ့ အရာတစ်ခုသာဖြစ်တယ် ၊၊

ဒါပေမယ့် ခက်နေတာ ဝမ်ရိပေါ် ၊၊
ဘာလို့လဲသူ မသိဘူး ၊၊ ရှောင်ကျန့် သူ့ကိုယ်သူ ဂေးပါလို့ဝန်ခံလိုက်တဲ့အချိန်မှာ
တစ်ကိုယ်လုံးကပူရှိန်းတက်လာတာ ၊၊ အဲ့နေ့က
အားလုံးတိတ်ဆိတ်ပြီး အိပ်မောကျနေချိန် အိပ်မပျော်ဘူးဆိုကာ ဟိုတယ်အပြင်ထွက်လာတဲ့ရှောင်ကျန့်နဲ့ တိုက်တိုက်ဆိုင်ဆိုင်တွေ့ကာ
စကားတွေပြောရင်းကမှ ရှောင်ကျန့်က ဝန်ခံခဲ့တာဖြစ်တယ် ၊၊
အဲ့ညဟာ ကြယ်ရောင်တွေကတောက်ပလွန်းပြီး လခြမ်းကွေးကိုလဲ
အလွယ်တကူမြင်နိုင်တဲ့ ညလေး၊၊

ရှောင်ကျန့်က လှပါတယ် ၊ အမှန်တိုင်းပြောရရင် ရှောင်ကျန့်မျက်လုံးတွေကို အရမ်းကြိုက်တယ် ၊၊ ငယ်ငယ်ကဆော့ခဲ့တဲ့ဖန်ဂေါ်လီကြည်ကြည်ထဲ ဂလက်ဆီတွေထည့်ထားသလို သိပ်ကိုလှတယ် ၊၊ ငိုရင်ပိုတောင်လှသေးတယ် ၊ ဒါကြောင့်ပဲ သူကိုယ်တိုင်
ရှောင်ကျန့် ငိုအောင်အမြဲစလေ့ရှိတယ် ၊၊
ရှောင်ကျန့်မျက်လုံးတွေက အဲ့ညမှာ သူ့ဖြစ်တည်မှုကိုနားလည်ပေးပါဆိုတဲ့ မျှော်လင့်ချက်တွေနဲ့လက်နေခဲ့တယ်၊၊ နှုတ်ခမ်းပါးပါး ပန်းနုရောင်လေးကလဲ ခပ်ဟဟလေးပွင့်လို့

Story Of Anastasia Where stories live. Discover now