Episode^3^

5.9K 715 32
                                    

ရှောင်ကျန့်က ဘယ်သူမို့လို့လဲ
အရိပ်ပြအကောင်ရော အကောင်ရဲ့အမေလင်ရောပါ မြင်ပါတယ်။ ၀မ်ရိပေါ် ကောင်မလေးတစ်ယောက်နားကပ်ထိုင်ရင်း မျက်လုံးကျွတ်မတတ် ဇာတ်စောင်းငေးနေကတည်းက ဘယ်အခြေအနေမှန်းကောင်းကောင်းရိပ်မိတာပေါ့ ။ တစ်ဖက်က ကောင်မလေးက လက်ထဲကဖိုင်တွဲလေးကို ရှက်ကိုးရှက်ကန်း ကျစ်ကျစ်ပါအောင်ကိုင်ထားတယ်။ ၀ိုး... ၀မ်ရိပေါ် type က
ဒါမျိုးကိုး...

ချစ်ရည်ရွှန်းလက်နေတဲ့ မျက်ဝန်းအစုံကိုကြည့်ရတာ ၀မ်ရိပေါ်တကယ်ချစ်တတ်သွားတဲ့ပုံပါပဲ...
ဘောင်းဘီအိတ်ကပ်ထဲက tissue ကိုထုတ်ပြီး ကောင်မလေးကိုချွေးလေးဖွဖွသုတ်ပေးနေတဲ့ မြင်ကွင်းက
သူ့ဘ၀ကြီးကိုအကြီးအကျယ်လှောင်ပြောင်နေတယ်။ လက်ထဲမှာ ကိုင်ထားတဲ့ pink milk လေးကိုပါ ထိုကောင်မလေးလက်ထဲထည့်လိုက်တယ်ပေါ့....။
ကိုယ်တိုင်တစ်ခါလေးတောင်မရခဲ့တဲ့နွေးထွေးမှုလေးတွေကို
ရနေတဲ့ ထိုမိန်းကလေးက ဘယ်လိုကံကောင်းမှုမျိုးလဲ.. ။
ဘယ်လိုကုသိုလ်ကောင်းမှုမျိုးလုပ်ရင် သူမလိုမျိုး
ကံကောင်းနိုင်မလဲ....?
ဒီမြင်ကွင်းကို အရှုံးသမားလိုကြည့်နေမိတဲ့
ရှောင်းရှောင်ကျန့် ကရော ဘယ်လောက်တောင်စောက်သုံးမကျလိုက်သလဲ...
ဝမ်းနည်းတာမျိုးမဟုတ်ပဲနဲ့ "ကိုယ်နဲ့တုန်းက"ဆိုတဲ့အတွေးကို
မတွေးချင်လဲတွေးမိနေပြီး ပိုနာကျည်းလာမိတာ ...

လူတွေက မျောက်ပွဲကြည့်သလို ရှောင်ကျန့် reaction ကို စောင့်ကြည့်ချင်နေကြတယ်။ တနည်း နင့်လိုဂေးကိုပြစ်ပြီး နောက်ဆုံးတော့ကောင်မလေးကို သဘောကျတာပဲ မလား ဆိုတဲ့သဘောမျိုး ထိုင်ဟားချင်ကြတာသိတာပေါ့ ဒါပေမယ့် ရှောင်ကျန့်က စောက်ဂရုစိုက်မနေပါဘူး

" Zhou Lusi အဲ့ဒါ ၀မ်ရိပေါ်လိုက်နေတဲ့ ကောင်မလေးပဲ...
မင်းမှာ သံယောဇဉ်လက်ကျန်တွေရှိရင်ကြိုဖျက်ထား"

" ကျိုးချန်ရားး မင်းငါ့ကိုအထင်သေးလိုက်တာ ငါ့ပုံကအဆင်မပြေတဲ့ပုံများပေါက်နေလို့လား"

"အဲ့ဒါဆိုလဲထ, စားဖို့သွားယူမယ်"

တစ်ချက်လှမ်းကြည့်လိုက်တော့ လူရှင်းနေတာတွေ့တာကြောင့်
ဒေါသအိုးနောက်သာလိုက်ခဲ့လိုက်တော့တယ်...။

Story Of Anastasia Onde histórias criam vida. Descubra agora