Episode^29^

4.9K 555 59
                                    

ရှောင်ကျန့် ၁၃ နာရီလောက် အိပ်ပြစ်လိုက်တယ်...။
တရစက်တော့ မဟုတ်ဘူး နေ့ခင်း ၁၁ နာရီလောက်မှာ
တစ်ဖြတ်နိုးလာသေးတယ် ။ ဖန်ရှင်း လာနှိုးတာ...။
မုန့်စား ဖန်ရှင်းနဲ့စကားပြောပြီးမှ မကြည်တဲ့ခေါင်းနဲ့
အေးမြနေတဲ့ ရာသီဥတုကြောင့်ရော ဆရာဝန်ထိုးပေးလိုက်တဲ့
ဟိုမအေဘေးဆေးရဲ့ ပရောဂရောကြောင့် နုန်းချိပြီး
အိပ်ပျော်သွားလိုက်တာ နေ့လည်ခင်း ၃နာရီလောက်မှ နိုးတယ်။

နိုးပြန်တော့လဲ လန်းဆန်းပြီး ဖလန်းဖလန်း
ဖြစ်နေလိုက်တာများ အပြင်တောင်ထွက်ချင်နေပြီ။
အပြင်မှာ ရှောင်ကျန့်သဘောကျရတဲ့ နှင်းတွေက
တဖွဲဖွဲကျနေတယ်... Heater ဖွင့်ထားတာတောင် ရှောင်ကျန့်အခန်းထဲ အေးစိမ့်စိမ့်ဖြစ်နေပြီး ခရစ္စမတ်အငွေ့အသက်လေးတွေ ခံစားနေရပါတယ် ။ ခရစ္စမတ် နှစ်သစ်ကူးရုံးပိတ်ရက်ကို ရောက်နေပြီမို့လို့ ရှောင်ကျန့်တွေးကြည့်လိုက်တယ်... ဒီလိုရက်မျိုးမှာ လူတွေဘာလုပ်ကြပါလိမ့်နော်...?
သေချာပေါက် မိသားစုနဲ့ ၀ိုင်းဖွဲ့ပြီး ပျော်ပွဲရွှင်ပွဲတွေလုပ်ကြမယ်
မုန့်တွေလုပ်စားမယ် ပြီးတော့ မိသားစုလိုက် Christmas ရုပ်ရှင်တွေကြည့်ကြမယ် ဘုရားကျောင်းတက်မယ် Christmas အထိန်းအမှတ်နဲ့ တစ်မြို့လုံးဝေဖြာနေအောင်ထွန်းထားတဲ့ မီးလုံးလှလှတွေကိုကြည့်ကြမယ်... ။

အခုရှောင်ကျန့်က အရင်ကလို တစ်ကောင်ကြွက်တစ်ယောက် မဟုတ်တော့ဘူး ။ သူ့မှာ မိသားစုတစ်ခု ရှိလာခဲ့လေပြီ။
အဲ့ဒီ့တော့ ဒီအခွင့်အရေးကို အဆုံးရှုံးမခံပဲ သေချာပေါက်
ဆင်နွှဲရမှာပေါ့...။ ရှောင်ကျန့်ကြိတ်ပြုံးလိုက်မိပါတယ်...
ရင်တော့ခုန်သား...

အရင်ဆုံး သူ့ကိုယ်သူသန့်ရှင်းရေးလုပ်ဖို့ ရေချိုးခန်းထဲဝင်တယ်။
ပြီးတော့ Shower gel ကို အမြှုပ်အကြီးကြီးထွက်အောင်အထိ တိုက်လိုက်ပြီး ရေနွေးနွေးလေးနဲ့ ရေချိုးလိုက်ပါတယ်...
တကယ်ကို လန်းဆန်းသွားတာပဲ... ။
ရေချိုးခန်းထဲက ပြန်အတွက်မှာ ရှောင်ကျန့်က heater ကိုပိုတင်လိုက်တယ်။ ရေနွေးတစ်ခွက်ကို ငှဲ့လိုက်ရင်း
ရေဒီယိုလေးကိုပါဖွင့်လိုက်တယ်...။ သူဖွင့်လိုက်တာနဲ့
ကြားရတဲ့ သီချင်းက Taylor Swift ပြန်ဆိုထားတဲ့
Last Christmas သီချင်းလေး...။ အိုး သေချာတာပေါ့ ဒါလေးက မပါမဖြစ် Christmas theme song လေး
တစ်ပုဒ်ပဲမဟုတ်လား...။

Story Of Anastasia Donde viven las historias. Descúbrelo ahora