Episode^30^

5.4K 587 61
                                    

" နောက်ကျလိုက်တာ နေဖင်ထိုးနေပြီ "

" အားး မင်းမရစ်စမ်းပါနဲ့ ချမ်းရတဲ့ကြားထဲ
စောစောထရတာ လွယ်တယ်ထင်နေလား "

ရှောင်ကျန့်က မေးရိုက်သံလေးနဲ့ပြောလိုက်တော့
ကျိုးချန်မျက်စောင်းကြီးက ဒိုင်းခနဲဝဲပျံလာတော့တယ်

" Christmas မှာတော့ ဘယ်သူမှ နေဖင်ထိုးအောင်မအိပ်ဘူး ဟေ့ကောင် "

ရှောင်ကျန့်က မကြားချင်ယောင်ဆောင်ကာ
ထိုင်ခုံမှာဝင်ထိုင်ပြီး မျက်ချေးထိုင်နှိုက်နေလိုက်တယ်။
Spongebob ပုံပါတဲ့ ညအိပ်ဝတ်စုံလေးနဲ့
တွေ့ကရာ စောင်အပိုင်းတစ်ခုကိုသာ အိပ်ချင်မူးတူးကောက်ဆွဲလာမိတာကြောင့် အေးနေတဲ့ အပေါ်ပိုင်းကို
လုံအောင်ခြုံကာ ပြန်ငိုက်မည်အပြု ကျိုးချန်ရဲ့
သာယာနာပျော်ဖွယ်အသံက နားထဲ ကန့်လန့်ကြီး စီးဆင်းလာပြန်ရော

" သူတောင်းစားကျနေတာပဲ ဒီပုံစံနဲ့လူကြားထဲထွက်ရဲသေးတယ်
ဝတ်ထား လေဖြတ်မယ် "

ပါးစပ်ကကြမ်းကြမ်းတမ်းတမ်းတွေ ပြောနေပေမယ့်
လက်ကတော့ ခပ်ထူထူ အနွေးအင်္ကျီကို ကမ်းပေးနေတဲ့ကျိုးချန်
ကြောင့် ရှောင်ကျန့်လဲ ဇက်ခနဲ ဆွဲယူကာ ထိုးစွပ်ရင်း ပွစိပွစိ ပြန်ပြောနေလိုက်တော့တယ်။ Spongebob အရုပ်ပါရင်ကို
လူက အလိုလိုသဘောကျပြီး မ၀ယ်ရမနေနိုင်ဖြစ်နေတာမို့လို့ အခု အင်္ကျီဆိုရင်လဲ ခပ်ပေါပေါလေးထဲက ၀ယ်ထားတာလဲ ကြာပြီ ။ ပါးရတဲ့ကြားထဲ ၀တ်ပါများလို့ ချုပ်ရိုးကြောင်း တွေပါပေါ်နေတဲ့အထိ စုတ်နေတာဆိုတော့ ကျိုးချန်လို ကြီးကျယ်တဲ့ကောင်အတွက်တော့ သေချာပေါက် ကန့်လန့်ကြီးပေါ့

" ဒီမှာဟေ့ကောင် Christmas ဆိုတာ နိုင်ငံတကာနဲ့ချီတဲ့
အားလပ်ရက်ကွ စောက်ရည်းစားမရှိတိုင်း ဒီလိုရက်မှာမှ စာလုပ်ဖို့ခေါ်နေလိုက် "

ရောက်နေတဲ့ ကော်ဖီဆိုင်ကလဲ တိတ်ဆိတ်ပြီး Private ဆန်လွန်းလို့ လှဲတောင် အိပ်ပြစ်ချင်စိတ်ပေါက်ပါတယ်။
ဆောင်းတွင်းမှာ မနက်အစောကြီး စာထလုပ်ရတာလောက်
စည်းစိမ်ပျက်တာ မရှိဘူး ။

" မင်းလင်စာမေးပွဲက အငြိမ်နေမှာမဟုတ်ဘူး
ဒီဇင်ဘာကျောင်းပိတ်ရက်ပြီးရင် စာမေးပွဲကြီးလာတော့မှာ
သိသားနဲ့ စောက်ပျင်းတစ်မနေနဲ့ "

Story Of Anastasia Tahanan ng mga kuwento. Tumuklas ngayon