Episode^32^

4.8K 517 39
                                    

• Past ~

ရာသီဥတုက ဆောင်းရာသီ အနှောင်းပိုင်းကို ရောက်လာခဲ့ပြီ
ဖြစ်တာကြောင့် မနက်ပိုင်း နဲ့ နေ၀င်သွားချိန်တို့လောက်မှသာ  ခိုက်ခိုက်တုန်အောင် အေးနေတတ်တယ်... ။ ရှန်ဟိုင်းရဲ့ လေထုညစ်ညမ်းမှုက ရာခိုင်နှုန်းမြင့်မြင့်တစ်ခုမှာ ရှိနေပြီး
ထိုလေထုထဲ ဆောင်းလေအေးအေးတွေပါ ရောနေတဲ့အခါ တစ်ချက်လောက် တိုက်ခတ်တိုင်းမှာ အရေပြားကွဲလောက်တဲ့ ခြောက်သွေ့ အေးစိမ့်မှုတွေကို ခံစားရပါတယ်... ။ နွေးထွေးတဲ့ အသိုက်အမြုံတစ်ခု မရှိတဲ့ သူ့အဖို့ ၊ အနွေးထည်ဝတ်ဖို့ ဂရုတစိုက် မှာတတ်တဲ့ လူမျိုး မရှိတဲ့ သူ့အဖို့... ဆောင်းရာသီဟာလဲ အချမ်းပိုသလို Christmas ဟာလဲ ခြောက်ကပ်ပြီး... သာမာန်လို ပြီးသွားခဲ့တာပါပဲ ။ မနက်ခင်း ကျောင်းသွားချိန်မှာ မြင်နေရတဲ့ မြူထုကြီးက မရေရာတဲ့ သူ့ဘ၀လိုပဲ...။ ရှောင်ကျန့်ကတော့ ထိုမြူထုထဲကို သူ့စက်ဘီးလေးသူ အားကိုးပြီး ခပ်ရဲရဲ တိုးဝင်သွားမိတယ်... ။ လူတွေမမြင်ရတဲ့ မြူတွေအုံ့ဆိုင်းနေတဲ့ တစ်နေရာရာမှာ သူ့ဖြစ်တည်မှု အပိုင်းအစတွေကိုများ ရှာဖွေနိုင်မလားလို့်လေ .... ?

သူဟာ နှင်းစက်တွေကို သဘောကျပေမယ့် ဒီဆောင်းကို မြန်မြန်ကုန်ဖို့ ဆုတောင်းနေမိပါတယ်။ လွန်ခဲ့တဲ့ လပိုင်းက First snow ကို ရင်ခုန်စွာ မျှော်လင့်ခဲ့တာ သူမဟုတ်သလိုမျိုး... နွေးထွေးတဲ့ နွေဦးလေပြေလေးကို တယုတယကြိုဆိုဖို့ အသင့်ဖြစ်နေပြီး... လေပြေနုနုကို လွမ်းတတ်နေခဲ့ပြီ။

" မင်းကို လီရိဖေး က ကြိုက်လို့တဲ့... "

Hoodie အိတ်ကပ်ထဲကို ထည့်ထားမိတဲ့ သူ့လက်သီးဆုပ်လေးက တင်းခနဲ ဖြစ်သွားရပြီး ခဲတံကိုင်ထားတဲ့ နောက်ထပ် လက်တစ်ဖက်ကလဲ ရပ်သွားရတယ်။ အနှီးလူဟာ အခုမှ ကျောင်းခန်းထဲ ၀င်လာပုံရကာ မျက်နှာကလဲ နှင်းစက်တွေလို ကြည်လင်နေသေးတယ်...။ ဒီစကားနဲ့ပတ်သတ်လို့
ထိုသူ့မှာ တခြားခံစားချက် အရိပ်ယောင်တွေများ ရှိနေသေးမလားလို့
အဖြေရှာကြည့်တဲ့အခါ ပကတိကြည်လင်ပြီး သူမြတ်နိုးရတဲ့ အစိတ်အပိုင်းတွေဆီက ဘာအဖြေကိုမှ တိတိကျကျ ထွက်မလာခဲ့ဘူး။ ဒါမှမဟုတ် ထွက်လာရဲ့သားနဲ့ ရှောင်ကျန့်က
ဝန်မခံချင်တာလဲ ဖြစ်နိုင်တယ်... ။ ဘေးချင်းကပ်ခုံမှာ
ကျောမှီထိုင်ကာ ခြေတံရှည်တွေကို လူသွားလမ်းပေါ်
မျက်စိနောက်ဖွယ် စင်းထားတဲ့လူကိုငေးရင်း အဖြေရှာနေမိခဲ့တဲ့ ကိုယ့်မျက်လုံးတွေကို အားလျော့စွာ စာအုပ်ဖြူဖြူပေါ် ပြန်လွှဲလိုက်မိပါတော့တယ်... ။

Story Of Anastasia Where stories live. Discover now