Episode^8^

5K 577 38
                                    

ရှောင်ကျန့် အရက်ပုလင်းလေးပိုက်ပြီး တဟီးဟီးဖြစ်နေတယ်။

The Heir ရုံးခန်း ကွန်ဒိုမှာ ရှန့်ချွင် တို့ ကျားဝေ တို့နဲ့အတူ သီချင်းတွေအော်ဆိုလိုက် ၊ ကျွင့်ဖုန်း တို့ လီအန်းတို့ ကင်ပေးတဲ့ အသားကင်ကိုစားလိုက်နဲ့ မအားလပ်နိုင်ပါဘူး။

"ဘာဘီကျူးဆိုတာ ဆိုဂျူး နဲ့မှ လိုက်တာ ကွ သိလား ယွိပင်း မသောက်ရင် ရှောင်ကျန့် သိက္ခာကျတယ် အေ့
ပြီးတော့ ငါဒီနေ့ အမှိုက်လို ဆံပင်ကို ဆွဲလာရလို့ တအားဝမ်းနည်းနေတယ် "

ပြောနေရင်း မျက်နှာကတဖြည်းဖြည်းမဲ့ကျလာတယ် ။
ဟော မကြာပါဘူးဗျာ... ခုနက ရယ်နေပြီး အခုကျတော့ အာပြဲကြီးနဲ့အော်ငိုပါလေရော။ မျောက်စိတ်နဲ့ သူ့ သူဌေးကို မေတ္တာမရှိပေမယ့် မူးနေချိန်လေးမှာတော့ ပါးအို့လေးတွေရဲတွတ်ပြီး ချစ်စရာကောင်းတယ်ဆိုတာ ယွိပင်းဝန်ခံရပါလိမ့်မယ်။

မမူးနေနိုင်ရောလား ဘီယာကို ပိုက်နဲ့ တစ်ပြွတ်ပြွတ်စုတ်တာ ပြီးတော့လဲ မသောက်နိုင်ပဲ ၀ယ်ထားတဲ့ နိုင်ငံခြားဖြစ် အပြင်းစားအရက်ကို ရှန့်ချွင်တို့နဲ့ အတူသောက်သေးတယ် ။
တငိုငို တရယ်ရယ်ဖြစ်တာကလဲ တအားရုပ်ပျက်ဆင်းပျက်မဟုတ်လို့သာတော်တော့တယ်။ ပိုက်ထားတဲ့ အရက်ပုလင်းကို ဆွဲလုလို့လဲ မရ ကျစ်နေအောင်ဆုပ်ထားတာဗျား

" ရော့ ရော့ ယွိပင်းလဲသောက် ရော့ "

မျက်ရည်တွေဝိုင်းကာ သူ့တန်ဖိုးကြီးအရက်ကို ယွိပင်းလက်ထဲလာထည့်တယ်။ သူ့မှာ ထို မျောက်စိတ်နဲ့ သူဌေးကို
လိုက်ပို့ပေးရမှာမို့ အရက်မသောက်တာကို လာရစ်နေပါကော

" သောက်ဘူးလား မင်းတကယ်ပဲ ဘာလို့အဲ့လိုလုပ်နိုင်ရတာလဲ ယွိပင်းရားး"

အသံတွေကို အလက်ဂျစ်ရှိစွာ ယွိပင်းလဲကောက်မော့လိုက်တော့မှ
တဟီးဟီး ပြန်ဖြစ်လာပြန်တယ်။

ဗိုက်ကလဲ ပူလို့ဖောင်းလို့ စားတာ စားတာကလဲ မပြောနဲ့ ယွိပင်းအလုပ်ဝင်တဲ့တစ်လျောက် သူ့သူဌေးဒီလောက်စားတာ အခုမှပဲမြင်ဖူးတယ်။ ပါးစပ်ထဲဖောင်းအစ်နေအောင်သွင်းထားတဲ့ အသားတွေရှိတာတောင် ပန်းကန်လေးပိုက်ပြီး လီအန်းတို့ဆီ အသားကင်မြန်မြန်ကင်ပေးဖို့ သွားတောင်းသေးတာ တကယ်မနိုင်တော့ဘူး။

Story Of Anastasia Where stories live. Discover now