Episode^25^

4.8K 607 58
                                    

ချမ်းအေးအေးရာသီဥတုကို နက်စွေးစွေး Bomber jacket တစ်ထည်နဲ့ အံတုရင်း ခြေတံရှည်တွေက ဖန်တီးတဲ့ ခြေလှမ်းတိုင်းက ခပ်ကျဲကျဲ ။ ဒီနေ့လဲ တစ်ယောက်တည်းလာဖို့ အကြောင်းဖန်လာတဲ့ရှောင်ကျန့်က အနက်ရောင်ကားရဲ့ အနောက်ဘက်က ဂီတာအိတ်ကိုထုတ်ဖို့်အတွက် သူ့လက်ထဲကကော်ဖီခွက်ကို ယုန်သွားလေးတွေအသုံးပြုပြီး ကိုက်လိုက်ရတယ်။
ဒီနေ့အတွက် ယွိပင်းရဲ့ပွစိ ပွစိအသံကိုမကြားရလို့
တစ်ခုခုတော့လိုနေသလိုပါပဲ။

ချမ်းအေးအေးရာသီဥတုကို နက်စွေးစွေး Bomber jacket တစ်ထည်နဲ့ အံတုရင်း ခြေတံရှည်တွေက ဖန်တီးတဲ့ ခြေလှမ်းတိုင်းက ခပ်ကျဲကျဲ ။ ဒီနေ့လဲ တစ်ယောက်တည်းလာဖို့ အကြောင်းဖန်လာတဲ့ရှောင်ကျန့်က အနက်ရောင်ကားရဲ့ အနောက်ဘက်က ဂီတာအိတ်ကိုထုတ်ဖို့်အတွက် သူ့လက်ထဲကကော်ဖီခွက်...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

{ Zhan with Bomber jacket 🌹}

ကော်ဖီဆိုတာ ဆေးလိပ်မသောက်ဖြစ်ကတည်းက သူပြောင်းပြီး
စွဲလန်းနေတဲ့အရာပဲ။ ကော်ဖီထဲက ကဖိန်းဓာတ်က သူ့တစ်နေ့တာ
စိတ်ကြည်လင်ဖို့အတွက် တကယ်ကို အလိုအပ်ဆုံးကဏ္ဍကပါနေတယ်။
လွယ်အိတ်ကို ကြိုးတစ်ဖက်တည်းလွယ်ကာ
ဂစ်တာအိတ်ကိုကိုင်ပြီး ခြေလှမ်းကျယ်ကျယ်တွေလှမ်းနေတဲ့သူ့ပုံစံက
သူ့ကိုမုန်းနေတဲ့သူတွေအတွက်တော့
အမြင်ကတ်စရာ ဂျစ်ကန်ကန် သူဌေးသားတစ်ယောက်ပုံစံဖြစ်နေပါလိမ့်မယ်။
Main လမ်းတစ်လျောက်က လူပေါင်းစုံရဲ့
အဓိပ္ပာယ်မျိုးစုံနဲ့ ကြည့်နေတဲ့ မျက်လုံးတွေကို
ဘယ်လိုမှ မခံစားရတော့တာ အတော်ကြာခဲ့ပေါ့...။
လူတွေက ပြောကြတယ် ရှောင်ကျန့်ကိုချည်းကပ်ချင်တာတောင်
ကြောက်တယ်တဲ့ ။ သူ့အနေကတော့ ချည်းကပ်မလာတာပဲ ကောင်းတယ်လို့မြင်မိတယ်။ တစ်ယောက်တည်းနေရတာ ဘယ်လောက်ပဲ အထီးကျန်ရတယ်ဆိုအုန်းတော့
အသည်းမကွဲရဘူး... ။ သူ့ဘ၀မှာ တစ်ယောက်ယောက်ကို
ဆွဲခေါ်မိရင် ဂျွမ်းထိုးမှောက်ခုံတွေဖြစ်တော့တာပါပဲ

ချယ်ရီကိုင်းဖျားတွေက တစ်ဆင့် Jacket ပေါ်လာတင်နေတဲ့ နှင်းစက်တွေကို အသည်းမာမာနဲ့ခါထုတ်ရင်း ငယ်ဟဟပြုံးမိပြန်ပါတယ်... ။ ရှောင်သခင်လေးတဲ့လား...

Story Of Anastasia Where stories live. Discover now