Episode^28^

4.9K 569 44
                                    

ဖရိုဖရဲဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ... ။
ဘာမှမပြင်ဆင်ရသေးခင် စတင်ခဲ့ရပြီး
တစ်နေ့နေ့မှာ လက်လွတ်ပေးရမယ့် လူမှန်းသိသိရက်နဲ့
ဆုံးရှုံးရမှာ သေလောက်အောင် ကြောက်နေချိန်မှ
ဒဏ်ရာတွေနဲ့ ခေါင်းမာစွာဆုပ်ကိုင်ထားခဲ့တဲ့
သွေးခြေဥလက်တစ်စုံက ဖြုတ်ချခံခဲ့ရတယ်။
အဲ့လိုမျိုး စိတ်ပျက်စရာကောင်းလောက်တဲ့ ဇာတ်မျောကြီး
တစ်ပုဒ်ပေါ့...။ စနစ်တကျပြင်ဆင်ခဲ့တဲ့ အတောင်အလက်စုံ အချစ်ဇာတ်လမ်းလေးတွေနဲ့တော့
အတော်လေးကိုမှ ကွာခြားပါတယ်။
ဇာတ်မျောကြီးမှာ စိတ်ပျက်စရာအကောင်းဆုံး အစိတ်အပိုင်း
ဆိုရင်တော့ အမြဲလိုလို အားစေးမိနေတတ်တဲ့ နှုတ်ခမ်းဖျားတွေပဲ ...။
ငါမင်းကို ချစ်တယ် ထားမသွားပါနဲ့ တို့
ငါမင်းကိုလိုအပ်တယ် တို့်
ငါကမင်းကို ငယ်ငယ်ကတည်းက နှစ်ပေါင်းများစွာ
ရူးနေအောင် ချစ်ခဲ့ရတာပါ တို့...
ပြောဖို့ မကြိုးစားခဲ့တာတော့ မဟုတ်ဘူး..။
ပြောဖို့်ကြိုးစားလိုက်တိုင်း
ဒီတိုင်း နှုတ်ခမ်းဖျားမှာတင်ပျောက်ရှခဲ့ရတာတွေ...။
ဒါကပဲ သူတို့နှစ်ယောက်ကို ပိုဝေးကွာစေခဲ့တာလားမသိပါဘူး။
ခန္ဓာကိုယ်ကို ပေးအပ်ခြင်းကနေ စတင်ခဲ့တဲ့
အချစ်ဇာတ်လမ်းတစ်ပုဒ်မှာ ဘာကိုမျှော်လင့်နေလဲလို့မေးရင်
ချစ်ခြင်းမေတ္တာပါပဲ...။ တစ်သက်လုံးအတွက် ၀မ်ရိပေါ်ဆီက
မျှော်လင့်ခဲ့တာသည် ၀မ်ရိပေါ်မပေးချင်တဲ့ ချစ်ခြင်းမေတ္တာ တစ်ခုတည်းသာဖြစ်တယ်... ။ ရှောင်ကျန့်က ၀မ်ရိပေါ်အတွက်သာ
ဖွင့်ထားခဲ့တဲ့ တံခါးချပ်တွေကို အချိန်တွေကြာသွားတာတောင်
ပိတ်ဖို့ မေ့ချင်ယောင်ဆောင်နေတတ်တာ ။

တစ်ခုခုကို စိတ်ဆိုးချင်ရင်တောင်
တစ်ခုခုကို ရစ်ချင်ရင်တောင်
မင်းမှားနေတယ် ဆိုပြီး အပြစ်ပြော ထောက်ပြလိုက်ချင်တာတောင်
စိတ်ကုန်သွားမှာစိုးလို့ ၊ ထားသွားမှာစိုးလို့ ၊ ငြီးငွေ့သွားမှာစိုးလို့ ၊ မျိုးတူချင်းတောင် ချုပ်ချယ်တယ်လို့ ထင်သွားမှာကြောက်လို့
သူ့မလေးနက်မှုတွေကို တွေ့ရချိန်တိုင်း
ရှောင်ကျန့်က ရှောင်ကျန့်မပီသစွာ နှုတ်ခမ်းဖျားက စကားတွေကို
နှလုံးသွေးကြောထဲအထိ မျှောပြစ်လိုက်တာကို
မြင်ရမယ့် ဇာတ်မျောကြီး။ ရှောင်ကျန့်ကို သူခေါ်ခဲ့တဲ့ နာမ်စားလေးတွေ နဲ့ အခုသူချစ်တဲ့သူကို ခေါ်တဲ့နာမ်စားလေးတွေကို
နှိုင်းယှဉ်ကြည့်ရင်း ၀မ်ရိပေါ်ရဲ့ Timeline ပေါ်မှာ မကြာခဏ တွေ့ရတတ်တဲ့ ခရမ်းရောင်အသဲပုံ emoji လေးကိုမြင်ရတိုင်း
ကြောက်တတ်လာပြီး Trauma ရတဲ့အထိ ဖြစ်လာတယ်။
ရှောင်ကျန့်ကလဲ နှလုံးသားနဲ့ ခံစားချက်နဲ့ အသက်ရှင်တဲ့ လူသားတစ်ယောက်ပါပဲ...။ သဲအိတ်မှ မဟုတ်တာ...
သိပ်ကိုခံစားရတာပေါ့။

Story Of Anastasia Where stories live. Discover now