Cookie's Q&A💭

3.3K 304 40
                                    

အိုခေ cookie တစ်ယောက် ဒီလိုကြီးကြီးကျယ်ကျယ်တွေ ထလုပ်လိုက်ပါပြီ...။ cookie ရဲ့အရေးအသားက အရမ်းကောင်းလွန်းတော့ တစ်ချို့ fact တွေကို လိပ်လိပ်တို့ နားမလည်ကြလို့ပါ ။ ဆိုတော့ Story Of Anastasia လေးနဲ့ပတ်သတ်ပြီး လာမေးထားကြတာလေးတွေကို စုပြီး
ဒီလိုလေးလုပ်ပေးလိုက်ရင် ကောင်းမလား စဉ်းစားမိလိုက်တာရယ် ။

ဟဲဟဲ 😁 ဆိုတော့စပါပြီနော်

🧚‍♀🧙‍♀🎅

Q : SOA ကပြီးတော့မှာလားဟင် ? ရိပေါ်ကိုအများကြီး ခံစားခိုင်းပါအုန်းနော်

A : SOA လေးက ပြီးဖို့လိုပါသေးတယ်ရှင် စဉ်းစားထားတဲ့ plot အရပေါ့။ ရိပေါ်ကတော့ သေချာပေါက် ခံစားရမှာပါ။
သူက ရှောင်ရှောင်းကို ချစ်တယ်ဆိုတာ ၀န်မခံသေးလို့ပါ ။
ဝန်ခံလိုက်တာနဲ့ ရှောင်းရှောင်းကို ပိုသိပြီး အတိတ်တွေအတွက် နောင်တရလာပါလိမ့်မယ်။ အခုတောင် အနည်းငယ်ခံစားနေရပြီမဟုတ်လား Cookie ကိုယုံပေးကြပါနော် 😋😉

🌻

Q : ဇာတ်ကြီးကမျောနေသလိုပဲ ရှောင်ရှောင်းပဲ ခံစားနေရတယ်

A : ဒါနဲ့ပတ်သတ်ပြီးပြောချင်တာက အသဲကွဲဖူးရင်သိနိုင်ပါလိမ့်မယ်။
အချစ်ဦးကလဲဖြစ် တစ်ယောက်နဲ့တစ်ယောက် မတွေ့အောင်လဲ ရှောင်လွှဲလို့မရတဲ့ အခြေအနေမှာ ရှောင်ရှောင်း ဒဏ်ရာက အသစ်ဖြစ်နေမှာပါပဲ။ ဒါပေမယ့် သူဘာလို့အေးဆေးနေလဲ...?
ရှောင်ရှောင်းက မာနကြီးပြီး ပါးနပ်တဲ့ ကာရိုက်တာမျိုးပါ
သူ့နာကျင်မှုတွေကို မာနတွေနဲ့ဖုံးထားပါတယ်။
နောက်ပြီး ရိပေါ်နဲ့သူနဲ့က ပြတ်ဆဲပြီးသား၊ ရိပေါ်ကလဲ cheat တာမဟုတ်ဘူးလေ အဲ့တော့ သူဘက်က ဂရုမစိုက်သလိုမျိုး နေသာနေတာပါ။ နောက်ပိုင်းမှာ ရိပေါ်ကို ရှောင်ရှောင်းကအသည်းခွဲမှာမဟုတ်ပဲ
အချိန်တွေကပဲ ပြန်အသည်းခွဲသွားမှာ

🌻

Q : Third Person ကို ကိုယ့်ဘာသာမဖန်တီးပဲ ဘာလို့ အပြင်မှာရှိတဲ့လူထည့်တာလဲ ? / ဘာလို့ ကျောက်လုဇီကို ထည့်တာလဲ ?

A : Third person ကိုထူးခြားနေစေချင်လို့ပါ။ ဒါကိုထည့်လိုက်ဖို့ Cookie လဲအများကြီးစဉ်းစားခဲ့ရတယ်။
Episode 24 မှာပါပါတယ်။ ကျောက်လုဇီသည် ရှောင်ရှောင်းရဲ့ဆန့်ကျင်ဘက်အစိတ်အပိုင်းတွေကို ပိုင်ဆိုင်တဲ့ ကောင်မလေးဖြစ်တယ်။ Cookie လိုချင်တဲ့ third person vibe ကိုသူကသာ အပေးနိုင်ဆုံးဖြစ်တယ်။
Cookie အနေနဲ့လဲ သူ့ကို third person လုပ်ခိုင်းရတဲ့အတွက် ရေးရတာ အရမ်းဘောင်ကျဉ်းပါတယ်။
တကယ်လို့ သူ့နေရာမှာ ကိုယ်တိုင်ဖန်တီးထားတဲ့ ဇာတ်ကောင်ကိုထည့်လိုက်ရင် အပြည့်အ၀ပေါက်ကွဲလို့ရပေမယ့် ပေါ့သွားမယ်လို့ ခံစားမိနေတယ်။
တကယ့် ဗီလိန်ဇာတ်ကောင်တွေဖြစ်တဲ့ ကျူးလုအာ ကျူးမိန်မိန် ကျူးမင်းထန်တို့ကတော့ ကိုယ်ပိုင်ဇာတ်ကောင်တွေပါ။

Story Of Anastasia Where stories live. Discover now