Episode^7^

5K 599 25
                                    

မစ်စတာရှောက်အိုက်က ဆေးရဲ့ဒဏ်ကို ကြံကြံခံနေရတယ် ၊၊ တစ်နှစ်လောက်အထိပေတေ နေခဲ့တဲ့အကျိုးကျေးဇူးနဲ့ Chemical တွေကောင်းမှုကြောင့် ကင်ဆာဆဲလ်ဟာ ကိုယ်တွင်းကလီဆာတွေဆီ တော်တော်ပျံ့နှံ့နေခဲ့ပြီးပြီ ၊၊ တော်တော်ပျက်စီးနေတဲ့ ကျောက်ကပ်တစ်ခြမ်းကိုလဲ ထုတ်လိုက်ရတယ် ၊၊
ဆံပင်တွေကျွတ်လာလို့ ကတုံးတုံးလိုက်ရပေမယ့် ရှောင်ကျန်နဲ့
Video call ပြောတဲ့အချိန်မှာတော့ မစ်စတာရှောင်အိုက်မျက်နှာက ကြည်နေတတ်တယ် ၊၊ First class nurse ကို 24 hrs ငှားထားပေးတဲ့အပြင် အိမ်တော်ထိန်းကြီးရဲ့ စောင့်ရှောက်မှုရောကြောင့် တစ်ချက်တစ်ချက် နာလို့ထထအော်တတ်ပေမယ့် လက်လျော့မယ့်စကားတွေတော့ ထပ်မကြားတော့ဘူး ပြောတယ် ၊၊ အဓိကက လူနာရဲ့ စိတ်အားထက်သန်မှုက အရေးကြီးဆုံးပဲ မဟုတ်ပါလား ၊၊
ခွဲစိတ်မှုတစ်ချို့မပြုလုပ်မှီကာလမှာ ရောဂါအခြေနေထိန်းတဲ့ အနေနဲ့ ဆေးတွေသွင်းရတယ် ၊၊

လက်ဖျံမှာ အပ်ပေါက်ရာတွေကလဲ မနည်းမနှောရှိနေတာမို့ စိတ်တော့မကောင်းပေမယ့် ဆရာဝန်က တိုးတက်လာကြောင်းပြောတာကြောင့်ပဲ ရှောင်ကျန့်အတွက် တစ်ပူတော့ငြိမ်းနေသေးတယ် ၊၊ ခွဲစိတ်ဖို့ အဆင်ပြေလောက်တဲ့အထိ
ပြန်ထူထူထောင်ထောင်ဖြစ်လာပါစေပဲ ဆုတောင်းရတာပဲ ၊၊

တစ်ဦးတည်းသော မိသားစုကို အတ္တကြီးကြီးနဲ့ပဲ အဆုံးထိ ၊ ကာယကံရှင် ဆန္ဒရှိတဲ့အထိ ဆွဲထားပါရစေ....
တစ်ကောင်ကြွက် ဖြစ်ရတဲ့ ခံစားချက်က ကူရာကယ်ရာမဲ့လွန်းတာ ရှောင်ကျန့်ဘဝနဲ့ရင်းပြီး ရခဲ့တဲ့ စိတ်ဒဏ်ရာ...၊၊
ရှောင်ကျန့် မှာ ထိုမျှလောက်တော့ အတ္တကြီးသင့်တယ် မဟုတ်ပါလား

The Heir ကတော့ team work ညီညီနဲ့ရှေ့ဆက်နေတယ် ၊၊
ဒါတင်ဘယ်ကမလဲ
သူ့အနေနဲ့ စတော့ပ် ဈေးကွက်ကိုကောင်းကောင်း ကစားပြီး
လုပ်ငန်းပေါင်း ၃ ခုကို အောင်အောင်မြင်မြင်တိုးချဲ့ နိုင်ခဲ့တဲ့အထိပဲ ၊၊
စီးပွားရေး လောကမှာ ခေါင်ထိ အကုန်ယူဆိုတဲ့အတိုင်း
အားလုံး suitable ဖြစ်တဲ့ အခြေအနေတစ်ခုကို သူ့ team ကဖန်တီးပေးနိုင်တယ် ၊၊ အလွဲလွဲအချော်ချော်
မဖြစ်ဖူးဘူးလားဆိုရင်တော့ မဖြစ်ဘူးလို့ပြောရင် လိမ်ရာကျမှာပေါ့
လောကဓံ ကို ကြိုမှမမြင်နိုင်ပဲ ၊၊ အကောင်း အဆိုး အရာအားလုံးကို ပြုံးပြုံးကြီးလက်ခံဖို့ ဆုံးဖြတ်ထားတယ် ၊၊ ရှောင်ကျန့်က
သုညဆိုတာက စတင်ခဲ့တာကြောင့် သုညပြန်ဖြစ်သွားမှာကို
မကြောက်တော့ပါဘူး

Story Of Anastasia Where stories live. Discover now