Episode^20^

5.8K 705 67
                                    

" မင်းစောက်ရူးလား...! "

ကျန်းချန်ရဲ့ အားမလိုအားမရအသံထဲ ဂရုဏာဒေါသတွေပါနေတယ်။
ယိုင်နဲ့နေတဲ့ ခန္ဓာကိုယ် ၊ ရေစက်လက်နဲ့ တစ်ယောက်တည်းပြန်လာတဲ့ ရှောင်ကျန့်ပုံစံကို ကျိုးချန်က မြင်ယောင်ရင်း သတိရတိုင်းဆဲတော့တာပဲ...။
ကံဆိုးတာက ရှောင်ကျန့်ပြန်အလာ ကျိုးချန်က ရှောင်ကျန့်အိမ်ကိုအရောက်နဲ့ တန်းတိုးတာ...။
တွေ့တွေ့ချင်း ခေါင်းစခြေအဆုံးကြည့်ရင်း အထာနပ်စွာတန်းပြောတာက " နွားဖြစ်လာပြန်ပြီလား " တဲ့... ။ ကျွန်တော်လဲ ပြုံးပြုံးကြီးပြန်ဖြေလိုက်ပါတယ်
" အေး " လို့...။

" မင်းလင်က သူ့မယားနားပဲကပ်နေတယ်မလား မင်းပြုတ်ကျသွားတာတောင်သိရဲ့လား "

" ထွီ မလိုဘူးဟေ့ကောင် ငါရေကူးတတ်တယ်ကွ...
အားး ငိုးကောင် ဖြည်းဖြည်းလုပ်ပါဟ "

ခေါင်းသုတ်ပေးနေတဲ့ ကျိုးချန်က အသည်းမနာနိုင်တဲ့ ရှောင်ကျန့်ကို မြင်ပြင်းကတ်စွာ ဆံပင်ကို towel နဲ့ခပ်မြန်မြန်သုတ်လိုက်တော့ ထအော်ပါလေရော

" မင်းအဲ့လိုကျပ်ကျပ်လုပ်နေ ရှောင်ကျန့် နေမကောင်းဖြစ်ထားတာမှ
သိပ်မကြာသေးဘူး "

" မင်းကိုကြီးက နေကောင်းနေပြီ မပူနဲ့ မပူနဲ့
အခုတော့ အားပြည့်အောင် မုန့်စားရအောင် ငါဗိုက်ဆာတယ် ... "

ဗိုက်ကလေးကို ပုတ်ပုတ်ပြီး သနားစရာမျက်လုံးလေးနဲ့ပြောလိုက်တော့ သဘက်ကိုကောက်သိမ်းနေတဲ့ ကျိုးချန်က ဘောက်ဆတ်ဆတ်ပြန်ပြောလာပါတယ်

" ပီဇာမှာထားတယ် "

" အိုက်ရိုး မင်းကပါဝါရိန်းဂျား အနီကောင်ပဲဟာကို အကောင်းဆုံးဖြစ်နေတာ မအံ့ဩတော့ပါဘူး ငါ့ကောင် "

ကျောင်းတော်က ရန်စ ဆိုတဲ့အတိုင်း
ငယ်ငယ်ကတည်းက ရှောင်ကျန့်နဲ့ ကျိုးချန် ပါဝါရိန်းဂျားအနီကောင်ကိုလုခဲ့တာ။ အဲ့ဒီ့အချိန် ကျိုးချန်က ခါးပတ်တွေ လက်ပတ်တွေ အင်္ကျီတွေကအစ သူ့အမေကိုပူဆာပြီး ကျောင်းအထိ အဲ့ဒါကြီးတွေကို မချွတ်တမ်း ၀တ်လာတော့တာပဲ။ ကလေးဘ၀တုန်းကတော့ မိုက်လိုက်တာလို့တွေးခဲ့ပေမယ့်
အခုချိန်ထိ ကျိုးချန်အမေက အဲ့ဒီ့ပုံတွေကို ချစ်လို့ဆိုပြီး အမိအရရိုက်ကာ ဧည့်ခန်းမှာ ကပ်ထားတာများ ရှောင်ကျန့်သွားလည်တိုင်း မျက်ရည်လည်တဲ့အထိ ရယ်နေရတာ...

Story Of Anastasia Where stories live. Discover now