Episode <36>

7.1K 367 49
                                    

တစ်ရံခါသော အတိတ်နေ့ရက်မှာ ကျွန်တော်သူ့ကို ထိုသို့ပြောဖူးတယ်...

သူ့ဘက်က နှစ်နှစ်ကာကာ နမ်းရှိုက်ပြီး သူ့ကိုယ်သင်းနံ့ ကျွန်တော့် ကိုယ်သင်းအနံ့ပါ မသဲကွဲတော့လောက်အောင်အထိ ကျွန်တော့်အပေါ် အတင်းဖက်တွယ်ထားခဲ့တဲ့ ထိုနေ့ကပေါ့...။
ငြိတွယ်တတ်တဲ့ သဘောကို မစိမ်းသက်သူပီပီ
ထိုလူက သူ့အပေါ် ဘယ်လိုသဘောထားသလဲ ဆိုတာတောင် သေချာမတွေးရဲပဲနဲ့ သာယာမိနေသော စိတ်အစဉ်က အကြောက်တရားကို လာလာနှိုးဆွတယ်။
သေချာစဉ်းစားလိုက်တော့... ချစ်ရတဲ့လူအဖို့က အချိန်တွေကြာလေ လောဘတက်လာမိလေပေမယ့် မချစ်တဲ့ သူကတော့ ငြီးငွေ့လာမှာ... ။ ဟုတ်တယ်
မသေချာတဲ့ အနာဂတ်မှာ သူက အခုလိုအတူရှိပေးနိုင်ဖို့ ရာခိုင်နှုန်း တအားနည်းပါးတယ်ဆိုတာ မေ့ထားလို့ မဖြစ်တဲ့အရာ ။ 

"  ဒီတိုင်း ကိုယ်လွတ်ရုန်းသွားလိုက်လို့ရတယ်...
မင်းခက်ခဲနေခဲ့ရင်..."

သူခက်ခဲနေခဲ့ရင် လက်လွှတ်ပေးနိုင်ရမယ်
ရှောင်ကျန့်ဟု ကိုယ့်ကိုကိုယ်ပါ ရောထွေးအသိပေးနေတာ အကြင်လူ သိပါလေစ... ။

သိပ်ကို လှပလွန်းတဲ့ နတ်သမီးပုံပြင်တွေတောင်
မျက်ရည်တွေနဲ့ မကင်းတဲ့ ဖြစ်တည်မှု
အရှုံးနဲ့ နေသားကျနေရမယ့် ဖြစ်တည်မှုတွေက
ပါရှိနေသေးတာပဲ ။
သူလိုလူက ခေါင်းမာပေမယ့် အလိုက်သိပေးမယ့် ၊
ထိုလူအခက်တွေ့အောင်မလုပ်မယ့် ဖြစ်တည်မှုတစ်ခုအဖြစ်နဲ့ပဲ ထိုသူ့ရဲ့ story မှာရှိနေခဲ့ရင် ကျေနပ်ပြီ ။

" ရုတ်တရက်ကြီး "

သူက ရှောင်ကျန့်ပါးကို ရွတ်ခနဲမြည်အောင် နမ်းရင်း
အစပ်ဆက်မရှိတဲ့ စကားကို တုန့်ပြန်တယ်... ။ ၀မ်ရိပေါ်ဟာ သူ့ကို မရွေးချယ်ဘူးဆိုတာ သိသာနေပေမယ့် သူ့ဘက်က ဒါမျိုးထုတ်ပြောရင်လဲ မကြိုက်ချင်ဘူး... ။

" ငါ့မှာ ဆုံးရှုံးစရာသိပ်မရှိဘူး  "

" သူရဲကောင်းမလုပ်လဲ ရတယ်လို့ ပြောထားပြီးပြီပဲ "

ပြီးတော့ ရိပေါ်က စိတ်လွင့်သွားသလို မွေ့ယာပေါ်က ခပ်ဆက်ဆက်ထရပ်ပြီး ပြုတ်နေတဲ့ ဘောင်းဘီဇစ်ကို ပြန်ဆွဲတင်တယ် ။ အနာဂတ်ဆိုတာအတွက် ဘာမှမတွေးထားတဲ့ ပုံစံမျိုးနဲ့လေ ။ တစ်သက်မတ်တည်း‌‌ေဖြာင့်ဖြူးနေတဲ့ သူ့ဘ၀လမ်းကြောင်းမှာ ရှောင်ကျန့်ကသာ သမရိုးကျမဆန်စွာ အမှိုက်လိုကပ်တွယ်နေမိပြီလား ?
ဒါကြောင့်မို့ပဲ သူကကိုယ့်ဘက် တစ်ချက်မှ မကြည့်ဘဲ
ဘာဖြစ်နေတာလဲ ဆိုတဲ့စကားတစ်ခွန်းတောင် အမေးခံရဖို့ မထိုက်တန်ခဲ့တာလား ။

Story Of Anastasia Where stories live. Discover now