Episode^24^

4.8K 564 52
                                    

နေရောင်ခြည်တဲ့လား...

ရှောင်ကျန့်က ကောင်ကင်ယံမှာ တရှိန်းရှိန်းတောက်ပနေတဲ့ နေမင်းကြီးကို မော့ကြည့်လိုက်မိတယ်။

ထိုလူသားက တစ်စုံတစ်ယောက်ကို သူရဲ့နေရောင်ခြည်လေးအဖြစ်ခိုင်းနှိုင်းတတ်နေခဲ့ပြီ... ။
နွေးထွေးပြီး တောက်ပခြင်း ရှင်သန်ခြင်း သဘောကိုဆောင်တဲ့ အသုံးအနှုန်းလေးတွေကို
လှလှပပလေးသုံးနှုန်းတတ်နေခဲ့ပြီ...
ပြီးတော့ သူ့ကိုမဟုတ်တဲ့ တခြား လှပတဲ့ မိန်းကလေးတစ်ယောက်ကို ချစ်တတ်နေခဲ့ပြီ....။
ကြောင်တောင်တောင်နိုင်တယ်ပဲ ပြောပြော
ရှောင်ကျန့်က ရိပေါ်ရွေးချယ်မယ့် မိန်းကလေးပုံစံကို
အမြဲလိုလိုပုံဖော်ကြည့်မိတယ်...။
ပုံဖော်ကြည့်မိတိုင်းလဲ သူနဲ့ ဆန့်ကျင်ဘက် မျက်နှာအစိတ်အပိုင်းတွေနဲ့ပုံဖော်ခဲ့တာ...။
ရိပေါ်က သူ့ကိုသဘောမကျခဲ့ဘူးလို့ ပြောခဲ့တာမို့
သူနဲ့ဆန့်ကျင်ဘက်မျိုးဆိုရင် ရိပေါ်သေချာပေါက် သဘောကျလောက်တယ်မလား?

ဥပမာ... ခပ်ပါးပါးရှောင်ကျန့်နှုတ်ခမ်းတွေအစား နှုတ်ခမ်းထူထူတစ်စုံ၊ ပါတယ်ဆိုရုံလောက်သာရှိလှတဲ့ မျက်ရစ်သေးသေးအစား မျက်ရစ်ကြီးကြီးပါတဲ့ မျက်လုံးဝိုင်းတစ်စုံ၊
အမြဲဘုကလန့်တွေပဲ ထိုင်ပြောတတ်တဲ့ မချိုမမြိန်စကားလုံးတွေအစား ချိုသာစွာ တေးချိုတစ်ပုဒ် ဆိုညည်းသလို စကားပြောတတ်သူ ၊
ပြားကပ်ပြီးပိန်တယ်နော်လို့ သမုတ်ခံရတဲ့ ခန္ဓာကိုယ်အစား
စိုပြေပြီး လှပတဲ့ ခန္ဓာကိုယ်တစ်ခု...။
တိုက်ဆိုင်စွာပဲ ကျောက်လုဇီဟာ ရှောင်ကျနှ့်တွေးထားသလို
ရှောင်ကျန့်ရဲ့ဆန့်ကျင်ဘက်တွေ အားလုံးကို ပိုင်ဆိုင်ရာ
ရိပေါ်ချစ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေခဲ့သည်...။

ဟက်... ကံကြမ္မာကရယ်ဖို့ကောင်းတယ်...။
ဒါတွေကိုပြန်တွေးမိလိုက်တိုင်း...
" ငါရူးနေလို့ အဲ့ဒါတွေအထိစဉ်းစားခဲ့တာလား "
ဆိုပြီး စုတ်သတ်ရင်း ရယ်သွမ်းသွေးကာ
ချဉ်တူးတူးရုပ်မျိုး လုပ်နေမိပါလိမ့်မယ်။
ရင်ထဲမှာတော့ ကမ္ဘာပြိုနေတယ်...။
ဒဏ်ရာဟောင်းကို ထိုးဆွနေသလို... ဖြစ်တည်မှုကြီးကိုပါ
မုန်းချင်လာတာမျိုး...။ အမှန်တရားတချို့က စောက်ရမ်းနာကျင်နေရရင်တောင်
အနာခံပြီး လက်ကို လက်ခံရပါလိမ့်မယ်။
တကယ်ပဲ အဲ့ဒါတွေ စဉ်းစားနေမိတုန်းက ရှောင်ကျန့်က
အရူးတစ်ယောက်နဲ့ မခြားဘူး။ ပြီးတော့ အဲ့လောက်ထိ
တိုက်ဆိုင်သွားလိမ့်မယ်လို့လဲ သူမထင်ထားမိခဲ့ပါဘူး။

Story Of Anastasia Where stories live. Discover now